love makes me jealous[네]

818 105 5
                                    

ဆောင်းဟွန်းတစ်ယောက်ဆေးခန်းတွင် လူနာများဖြင့် အလုပ်ရှုပ်နေသည်။သူနာပြုကလည်း များများစားစားမရှိတော့ ပိုအကြပ်ရိုက်နေသည်။ထို့အပြင် ဘေးနားက သူ့ဖုန်း ringtone သံက ဆေးခန်းတွင်း ကျယ်လောင်သွားတာမို့ လူနာများစိတ်အနှောင့်အယှက်ဖြစ်မှာ စိုးသဖြင့် အရေးမကြီးတဲ့ဖုန်းထင်ကာ ချမည့်အပြု

Contact name က "babe noo💟" လို့မှတ်ထားတဲ့ incoming call ကြောင့် ဆောင်းဟွန်းတစ်ချက်ပြုံးလိုက်ကာ ကိုင်လိုက်သည်။

"ကိုကို"

"ဗျာ"

"မပြီးသေးဘူးလား"

"စောင့်နေရတာကြာပြီကို"

"ဟင်"

"ဘာကိုစောင့်နေတာလဲ"

"ဟာဗျာ ကိုကိုပဲ ဒီနေ့ထမင်းတူတူစားမယ်ဆိုပြီး အရင်ပတ်က ပြောထားတယ်မလား? Everlasting ဆိုင်မှာလေ။ကျနော် bookin' လုပ်ထားတာ အရင်ပတ်ကတည်းက"

"အာ ဆောရီး ကလေး ကိုယ်မေ့သွားတယ်"

"အင်း အင်း မေ့ပါ။ဒီကရည်းစားကိုလည်း မေ့သွားအုံးမယ်"

နှုတ်သီးဆူဆူနဲ့ ရန်တွေ့နေမယ့် ‌အကောင်ပေါက်စကို ဆောင်းဟွန်း မြင်ယောင်ရင်း ရယ်မိသွားပါသည်။

*တီ*

ဖုန်းအပြင်ဘက်သို့ ထွက်လာတဲ့ ရယ်သံလွင်လွင်ကြောင့် ဆောနူပိုစိတ်ဆိုးမိသွားသည်။ထို့ကြောင့် ဖုန်းကိုချလိုက်ကာ လာချော့မည် ရည်းစားအကောင်းစားလေးကိုသာ ‌စောင့်နေလိုက်တော့သည်။

ဖုန်းကျသွားသံကြောင့် လိုင်းများကျသွားတာလားဆိုပြီး ph screen ကို အလျင်အမြန်ဖွင့်ကြည့်လိုက်တော့ သူ့ကလေးက ချသွားတာကိုးးး။

ဘေဘီလေးက စိတ်ဆိုးသွားပြီထင်ပါရဲ့။

အလုပ်ကလည်း လက်စဖြတ်မရတာမို့ အမြန်လူနာကြည့်ပြီးမှသာ ပေါင်းချော့ရတော့မည်။

^^^^^^^^^^^^^^^
ဆောနူတစ်ယောက် ရည်းစားအကောင်းစားလေးကိုစောင့်ရင်း ဆိုင်ပတ်ပတ်လည်ကို အကဲခတ်နေမိသည်။

ဆိုင်လေးက မှန်နံရံအကာလေးဖြင့် ဝန်းရံထားသည်။ဆိုင်အဝင်တွင် conifer (ထင်းရှူးပင်။ကတော့ပုံစံထင်းရှူးပင်။ကတော့ပုံစံအသီးသီးသောထင်းရှူးပင်) ပင်လေးများက တန်းစီထားသည်။အပြင်ကရပ်နေရုံနဲ့တင် ဆိုင်အတွင်းကထိုင်နေသူတွေကို မြင်နိုင်သည်။ထို့ကြောင့် ဆောနူ မှန်အပြင်မှ ရည်းစားအကောင်းစားလေးအား စောင့်နေမိသည်။

ᵒᶠᶠ ᵐʸ ᶠᵃᶜᵉ || CompletedWhere stories live. Discover now