၄၆

32 3 0
                                    

အမှားလား အမှန်လား
ဒွိဟတွေက တဖွားဖွား
ငါလုပ်နေတာ ဘာတွေလဲ
ငါ့လက်ဖဝါးမှာရော သွေးတွေပဲလား

မှောင်မှောင်မည်းမည်းတံခါးကို မျက်နှာမူမိ
အပြင်မှာ အလင်းရှိမလား မသေမချာ
ငါသိပ်မောနေတော့လည်း
ပတ်ဝန်းကျင်က လေနဲ့အတူ တရှူးရှူးတရှဲရှဲ

လာပါ
ငါ့ကို ယုံကြည်ပေးပါ
ငါမှန်တယ်လို့ တိုးတိုးလေးပြောပေးပါ
ငါအသက်ရှင်နေတယ်ဆိုတာ မင်းသိကြောင်း
ငါမှန်တာ မင်းသိကြောင်း
ငါ့ကို မင်းနားလည်ကြောင်း
တဖွဖွပြောပေးပါ

ငါ တကယ်လိုအပ်လို့ပါ။

စိတ်အတိုအထွာကလေးများWhere stories live. Discover now