မနက်ခင်းရဲ့ရယ်သံကိုငါကြားတယ်
ဒီနေ့ဟာ သာယာနေလို့ ရယ်ပြီးရင်း ငိုရမှာစိုးလာတယ်
ငါးဘယ်ကောင်ရလဲ ငှက်ဘယ်နှကောင်မိလဲ
ဗာဒံရွက်နီတွေကို မော့ကြည့်ဖို့မေ့မယ်
နေမင်းကို ပြုံးပြဖို့ ပျက်ကွက်ဦးမယ်သတိလေးလည်းထားပေါ့တဲ့
လမ်းသွားလမ်းလာတစ်ယောက်က ပြောတယ်
ငါဟာအမြဲတမ်း ဒီလမ်းမပေါ်ဖြတ်ကူးနေကျ
ဟိုဘက်မှတ်တိုင်ဟာ ငါ့ရဲ့ အခမ်းနားဆုံး စွန့်စားခန်းစောင့်ရတာကို မုန်းတယ်လို့ ငါပြောတော့ ဖြတ်သွားတဲ့ စက်ဘီးတွေ ထရယ်ကုန်ကြတယ်
လူတစ်ယောက်ကို စောင့်နေတုန်းပဲလား
တိမ်တွေ ငိုကုန်ပြီ
ခက်တာပါပဲဝင်တော့မဲ့နေမင်းကို ငါခဏလောက် ဆွဲထားလိုက်တယ်
စကားစမြည်လေးတော့ ပြောချင်သေးရဲ့အနောက်ဖက်တောင်ရိုးတွေရောက်တဲ့အခါ
အမည်းရောင်ဝမ်းဆက်နဲ့အမျိုးသားကို တွေ့တဲ့အခါ
နှင်းတွေကျတဲ့အခါ
မနက်မရောက်ခင် ငါစောင့်နေတုန်းလို့ ပြောပေးပါနွေရောက်ဆဲဆဲရာသီဥတုဟာ သူ့အချစ်နဲ့မှ နှင်းဝေနိုင်မှာ...
YOU ARE READING
စိတ်အတိုအထွာကလေးများ
Poetryစာစုတို၊ ကဗျာ ကြိုက်သလိုသတ်မှတ် ငါ့အတွက်မှာတော့ စကားလုံးတွေရဲ့ ကခုန်ခြင်း။ I think you cannot read it till the end. So read random happily. စာစုတို၊ ကဗျာ ကြိုက်သလိုသတ်မှတ် ငါ့အတွက်မှာတော့ စကားလုံးတွေရဲ့ ကခုန်ခြင်း။