48. မင်းဘယ်သူလဲဆိုတာ ကျိရှင်းလန် မသိဘူးလို့ မင်းတစ်ကယ်ထင်နေတာလား?

756 69 2
                                    

Unicode

မင်းဘယ်သူလဲဆိုတာ ကျိရှင်းလန် မသိဘူးလို့ မင်းတစ်ကယ်ထင်နေတာလား? 

ယန်ချုံးက သူ့မျက်နှာရှေ့မှာ ပြင်းထန်စွာပိတ်သွားတဲ့ ရေချိုးခန်းတံခါးကို ကြည့်နေခဲ့သည်။ ရှဲ့ယွီရဲ့ ဒေါသတကြီးအော်သံများက တံခါးပေါက်ကြားမှ မရပ်မနား ထွက်လာသည်။

တံခါးကို အကြိမ်ပေါင်းများစွာ တွန်းဖွင့်ဖို့ ကြိုးစားသော်လည်း ဖွင့်မရပေ။  တစ်စုံတစ်ခုက ပိတ်ဆို့ထားခဲ့သည်။  ထို့ကြောင့် စိတ်လှုပ်ရှားစွာနဲ့ တံခါးခေါက်ရုံသာ တတ်နိုင်ခဲ့သည်။  ယန်ချုံးက ရှဲ့ယွီအတွက် စိုးရိမ်နေသည်၊ အကြောင်းမှာ သူသာ ဤကဲ့သို့ ပြုမူပါက ကျိရှင်းလန်ကို လုံးဝမနိုင်နိုင်ပေ ။  စိုရွှဲနေတဲ့ အိမ်သာစုတ်တံကသာ ကျိရှင်းလန်ကို ထိသွားရင် ကျိရှင်းလန်က သူ့ကို အသက်ရှင်လျက် ချေမှုန်းပစ်တော့မယ်။

မျှော်လင့်ထားသည့်အတိုင်း စက္ကန့်အနည်းငယ်အကြာတွင် ရှဲ့ယွီရဲ့ ကျိန်ဆဲ အော်ဟစ်သံများ ရပ်တန့်သွားသည်။  ထို့နောက် တံခါးနောက်မှ နာကျင်စွာအော်သံက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

"AAAAAHHHHHH-!"

ထိုအော်သံက မယုံနိုင်လောက်အောင် ကျယ်လောင်ပြီး သနားစရာကောင်းလှသည်။  တစ်စုံတစ်ယောက်က ရာနှင့်ချီသော အော်ဟစ်နေသော ကြက်များကို တပြိုင်နက် နင်းမိသွားသလိုပင်။  ချက်ချင်းဆိုသလိုပင် စာသင်ခန်းပြတင်းပေါက်များမှ ခေါင်းပေါင်းများစွာ ထွက်ပေါ်လာသည်။  စင်္ကြံမှာ ဘာတွေဖြစ်နေလဲ သိချင်ကြတယ်။

စင်္ကြံအဆုံးမှာ ပိန်ပါးတဲ့ Omegaတစ်ယောက်သာ ရပ်နေပြီး ရေချိုးခန်းတံခါးကို သူစိတ်လှုပ်ရှားစွာ ထုနေသည်။  ဒါပေမယ့် ရေချိုးခန်းထဲက ထွက်လာတဲ့ နာကျင်တဲ့ အော်သံက ကောင်လေးတစ်ယောက်ရဲ့ အသံဆိုတာသိထားပြီး ကလေးမွေးသလို အော်ဟစ်ငိုကြွေးနေခဲ့တယ်။

ဤအော်သံကိုကြားသောအခါ ယန်ချုံး ထိတ်လန့်သွားသည်။  ရှဲ့ယွီက ကျိရှင်းလန်ကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူသိသည် ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now