Unicode
မူးဝေနေချိန်တွင် ယန်ချုံးက သူ့နာမည်ကို တစ်ယောက်ယောက် ခေါ်လိုက်တဲ့အသံကိုကြားလိုက်ရသည်။
ယန်ချုံးက ပရိသတ်ထဲတွင် တစ်ယောက်တည်း ထိုင်ကာ သူ့ terminal နဲ့ ကစားနေသည် ။
ထိုအချိန်တွင် သူနှင့်အတူ ကတ်ကစားဖို့ မည်သူမျှ လွတ်လွတ်လပ်လပ် မရှိပေ ။ ယန်ချုံးက သူ့အဆက်အသွယ်စာရင်းကို ရှာဖို့ သူ့ terminal ကို ပွတ်ဆွဲလိုက်တယ်။
ဒီနေ့တော့ ကျိရှင်းလန်က သူ့ဆီ ဘာစာမှ မပို့ဘူး။ ထိုလူကို ကွင်းထဲတွင် မီနီစကတ်များ ဝတ်ထားသော အလှမယ်များက ဝိုင်းရံထားသည်။ သူ့ကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။
ဒါကို သူတွေးလိုက်သောအခါ ယန်ချုံးက အကြောင်းပြချက်တစ်ခုခုကြောင့် မကျေမနပ်ဖြစ်ခဲ့ရသည်။ သူတကယ် သူ့ကိုဖမ်းပြီး လင်းဝေအကြောင်း မေးချင်နေတာ!
ယန်ချုံးက ထိုင်နေရင်း လှေကားက ရုတ်တရက် အသံကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ ရှဲ့ယွီ လှေကားထစ်ပေါ် တက်လာတာကို တွေ့လိုက်ရတယ်။
"ဘာဖြစ်သွားတာလဲ ?" ယန်ချုံးက ရှဲ့ယွီ တလောင်ကို မှီကာ အံကြိတ်ထားတာ တွေ့လိုက်ရသည်။ သူက ရှဲ့ယွီ ထိုင်လို့ရအောင် နေရာအမြန်ရွှေ့လိုက်သည်။
ရှဲ့ယွီက အခြားသူများ၏အကူအညီနဲ့ ထော့နဲ့ထော့နဲ့လျှောက်လာသည်။ သူ့ပုံပန်းသဏ္ဍာန်အရ ခြေကျင်းဝတ်အဆစ်လွဲသွားတာ ထင်ရှားပါတယ်။ယန်ချုံးက ခြေကျင်းဝတ်တွေကို စစ်ဆေးဖို့ သူ ဘောင်းဘီခြေထောက်ကို လှန်ကြည့်ဖို့ အမြန်ဆင်းလိုက်သည်။
“ငါ.......မီတာ ၅၀ အပြေးပြိုင်တော့ ခြေကျင်းဝတ်အဆစ်လွဲသွားတာ” ရှဲ့ယွီက ရှက်ရွံ့စွာကြည့်နေသည်။ သူစကားပြောတဲ့အခါ စူးရှတဲ့ အသက်ရှုသံတွေကို ဆက်တိုက်စုပ်နေတာကြောင့် သူတကယ်နာကျင်နေပုံရတယ်။
ယန်ချုံး အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ခြေကျင်းဝတ်တွေ တကယ်ဖောင်းလာတာကို တွေ့လိုက်ရတယ်။ နာကျင်ပုံရသည်။ ယန်ချုံးက အဲ့တာကိုထိရန် လက်ထုတ်လိုက်ချိန်မှာ ရှဲ့ယွီက ဝက်သတ်ခံရသကဲ့သို့ အော်ဟစ်နေပါတော့သည်။
VOCÊ ESTÁ LENDO
Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်
RomanceName - After Transmigrating Into an Omega, I Was Marked by the Enemy Type - Web Novel (CN) Author(s) - 十权 Mm. trans - Karry phyo + Khat Status in COO - 115 chapters +11 extras (complete) Creadit to original author and english translater. #novel upd...