*10*

280 86 73
                                    

Crush Become My Lover ~>
20.3.2022

9:43
~~~~~~~~~~~~~~~~

သူနဲ့ကျွန်တော်နဲ့
ရင်ခုန်ရင်းနယ်မြေကိုကျော်လွန်ကာ
ရောက်လာခဲ့တာ

တောင်ပေါ်က ဘုရားကျောင်းသာ

Wait!!

- ဘုရားကျောင်း !! -

" အာ့ အာ့ အာ့ ! "

ကောင်ကင်၌
ကျီးကန်းတွေသည်
ပျော်ပျော်ရွှင်ရွှင်ပင်သူ့ခေါင်းပေါ်ကနေ
အော်သွားလေတော့သည်

" ဒါက "

" မင်းပဲဘယ်နေရာသွားမလဲမေးတာပြန်မဖြေ
ဘူးလေပြီးတော့ငါကလဲလူတွေနဲ့
အသားမကျသေးဘူး သိပ်ပြီး "

ဘေးကထယ်ယောင်းကိုလှည့်ကြည့်လိုက်တော့
ရုပ်တည်ကြီးနဲ့ပြောနေ‌တာကြောင့်

" ဒါပေမဲ့ ..."

ထယ်ယောင်းသူ့ကိုမစောင့်ပဲ
ဘုရားကျောင်းဆောင်ရှိတဲ့နေရာစီကို
လျှောက်သွားတော့

- အားးးနောက်တစ်ခေါက်ကျ
ငါကိုယ်တိုင်ကားမောင်းမှရမယ် !-

အစိမ်းရောင်လေးလဲ
နောက်ကလိုက်ရတော့သည်

နှစ်ယောက်သားလက်အုပ်လေးချီကာ
အရှေ့ကဘုန်းတော်ကြီးကိုအရိုအသေပြုလိုက်သည်

ဆရာတော်သည်
အေးချမ်းစွာပြုံးပြပြီးတော့
ဘုရားကျောင်းဆောင်ကနေထွက်သွားလေတော့
သူလဲ ဖိနပ်လေးချွတ်ကာ
ကျောင်းဆောင်ထဲ၀င်ဖို့လုပ်တော့

" နေအုန်း "

ထယ်ယောင်းက သူ့လက်ကိုတားလိုက်လေသည်

" ဘာလို့လဲ "

" ဒိအဆောင်မဟုတ်ဘူး "

" ထပ်ပြီလား ! "

ထပ်ပြီးမပြောမဆိုနဲ့
ရှေ့ကထွက်သွားပြန်တော့
သူလဲ အညိုရောင်လေးကျောပြင်နောက်
ကပ်ကာလိုက်လာပြန်ရတော့လေသည်

Crush Become My Lover ~>Where stories live. Discover now