*14🌙

325 81 78
                                    

Crush Become My Lover ~>

27.3.2022
8:42pm

~~~~~~~~~~~~~~~~

" မင်းကိုပိုင်ဆိုင်တဲ့ချစ်သူဖြစ်ချင်တယ် "

................

မနက်စောစော ထပြေး‌တက်သော
ကျွန်တော့အကျင့်ကြောင့်မြူစိုင်းချိန်ထဲကပင်
ထကာလတ်လတ်ဆတ်ဆတ်လေကိုရူရိူက်ပြီး

လမ်းမတစ်လျှောက်ပြေးနေသည်

သူကတော့သေချာပေါက်ကျွန်တော့အိပ်ရာပေါ်မှာ
နှစ်ခြိုက်စွာအိပ်နေလောက်တာပေါ့

" ဟက် ! "

🌤️

ထူးဆန်းတယ် တကယ့်ကိုထူးဆန်းတယ်
ကြားနေကျနိူးစက်အသံနဲ့
ဂျင်းဟျောင်းရဲ့အသံကိုအခုထိမကြားရသေးပဲ

ကောင်းကောင်းမွန်းမွန်မနက်ခင်းလား

- တစ်ခုခုတော့မှားနေပြီ ! -

စောင်လေးကိုဖယ်ကာ မျက်လုံးကိုဖွင့်ကြည့့်လိုက်တော့

" အာ...ညက ကင်ထယ်ယောင်းအိမ်မှာအိပ်တာပဲ "

- ဟက် ! ဒါကြောင့်အေးချမ်းနေတာ အချစ်ရှိရာ
အရပ်မဟုတ်လား -

သူဆံပင်လေးကိုထိုးဖွကာ
‌လက်လေးကိုအပေါ်သို့မြှောက်ကာ အကြောဆန့်လိုက်္မိသည် ဒါနဲ့ အချစ်ကဘယ်မှာ !

အခန်းထဲကိုလှည့်ပတ်ကြည့်တော့လဲ
ထယ်ယောင်းကိုမတွေ့တာမို့

" ကင်ထယ်ယောင်း ! "

-zzzz!! Zzzz!! -

ကုတင်းဘေးကခုံလေးပေါ်မှသူ့ဖုန်းလေး
တုန်ခါလာတာမို့

ဖုန်းလေးကိုအမြန်ယူကာ ကိုင်လိုက်္မိသည်

" နိုးပြီလား "

- အေးချမ်းသွားပြီ သူ့အသံ -

" အွန်း မင်းကော ဘယ်မှာလဲ "

Crush Become My Lover ~>Where stories live. Discover now