*18🌙

265 67 23
                                    

Crush become my lover
4.May.22

::::::::::::::::::::::::::::::::::::::::::::::::::::::::::::

သုံးရက်အလို....













" အဲ့တာဘာလဲ "

ဂျီမင်း သဘတ်လေးနဲ့ခေါင်းကိုသုတ်ရင်း
မိဖိုခန်းထဲကို၀င်လာလေ‌သည်

" ငါးအသားလွှာ "

" ဝါးးကိုယ်တိုင်လုပ်နေတယ်ပေါ့ "

" ဘယ်လို‌ထင်လဲ "

အနည်းငယ်လှီးပြီးသားကိုသေချာသပ်သပ်ရပ်ရပ်
ကြွားနေသော ၀က်ဝံလေး

" အရမ်းတော်တယ် အိမ်တွင်းအရိုးခြောက် "

" ကျစ် ! !
အဲ့တာကဘယ်လိုလို့ပါလာပြန်တာလဲ "

" ㅋㅋㅋㅋ "

ဂျီမင်း ဆိုဂျူပုလင်းတွေကိုထုတ်ကာ
ဧည်ခန်းကိုလျှောက်သွားလေသည်

" အမြည်လေးပေးပါအုန်း အာဂျီးမား "

ဒီအမျိုးသားလေးက
သူ့ကို စနေရရင် လောကမှာအပျော်ဆုံးလူလို
လခြမ်းလေးလိုပြုံးရယ်နေတက်တယ်

ဒါကြောင့် ဒါကိုတန်ဖိုးထားရမှာ..

ထယ်ယောင်း သူလုပ်ထားတဲ့ငါးအသားလွှာနဲ့
အမယ်တွေယူလာလေသည်

" အောက်္မှာပဲချ ! "

စာပွဲပေါ်တင်နေသော ၀က်ဝံလေးလက်တွေ
သည် အမိန့်လေးအလိုကျ
ဂျီမင်းထိုင်နေတဲ့ နေရာနားမှာပဲ
ချလိုက်‌ကာသူလဲ၀င်ထိုင်လိုက်လေတော့

" သောက်ကြမယ်လေ "

သူကသာ ဂျီမင်းပေးတဲ့ဆိုဂျူပုလင်းလေး
ကိုင်ထားတုန်းဆိုပေမဲ့
အစိမ်းရောင်လေးက တော်တော်ပင်ကုန်နေပြီ

" ဝါး.... "

" ........ "

" တစ်ခုခုပြောပါလား ယောင်း... "

" မင်းကိုထိုင်ကြည့်နေရတာ ပိုကောင်းတယ် "

" ဒါပေမဲ့မင်းအသံကြားချင်လို့ရူးတော့မလိုပဲ "

Crush Become My Lover ~>Donde viven las historias. Descúbrelo ahora