" Taehyung ah!
အားလုံးဖြည့်ပြီးပြီလား "" အင်း...... တစ်ခုပဲကျန်တော့တယ် "
စာရွက်ပေါ် ခဲတံတစ်ချောင်းနဲ့ သဲကြီးမဲကြီးနဲ့
ရေးလိုက်ဖျက်လိုက်လုပ်နေတဲ့ ကင်မ်ထယ်ယောင်းကို ထိုင်စောင့်နေရတာ ကြာပြီမို့ စိတ်မရှည်ချင်တော့ပေ" ပြီးသွားပြီ။ "
လှမ်းပေးတဲ့စာရွက်ကိုယူပြီး သူ့စာရွက်ပေါ်ကို
ထပ်လိုက်သည် ။ ဒါပေမယ့် အောက်ဆုံးက
မေးခွန်းရဲ့အဖြေကို အကြည့်ရောက်သွားတော့......" ရူးသွားပြီလား!"
" ဘာလို့လဲ...... ကြိုးစားပြီးဖြည့်ထားတာလေ "
" အိမ်မက်က ဒါလား......
မင်း အတန်းပိုင်ရုံးခန်းကို ထပ်သွားချင်နေတာလား "နားမလည်သလို ပြန်ကြည့်လာတဲ့သူက
စာရွက်ကို ပြန်ယူဖတ်နေသည်" ကျောင်းသား...... Kim Taehyung !
အိမ်မက် ...... Jiminie သူငယ်ချင်းဖြစ်ရန် ။ "ဖတ်ပြီးပြီးချင်းပဲ Jimin လှမ်းပစ်လိုက်တဲ့
ခဲဖျက်ကို အမိအရဖမ်းယူလိုက်ရသည် ။" ငါတို့လည်း အခု အထက်တန်းတတိယနှစ်
ရောက်နေပြီ..... တစ်ချို့နေရာတွေတော့
တည်တည်တံ့တံ့လုပ်ရအောင် Kim Taehyung ”" ဘာလို့ ငါ့စကားကို အတည်မဟုတ်ဘူးလို့
ထင်တာလဲ Jimin ah! "" မင်းလည်း ပြန်ဖျက်ဖို့ စိတ်ကူးရှိလို့ ခဲတံနဲ့
ရေးထားတာမဟုတ်ဘူးလား "" အဲဒါက! "
" ပြီးတော့ မင်းအိမ်မက်က ငါရဲ့သူငယ်ချင်းဆိုတော့
အခု ငါတို့ကဘာလဲ
သူငယ်ချင်းမဟုတ်သေးတာလား ......
မဟုတ်ရင် ရန်သူတွေလား...... အဲဒါဖြစ်ဖို့ကလည်း
မင်းက ငါ့ရဲ့စာပြိုင်ဖက်အဆင့်တောင် မဟုတ်ဘူး "" ဒီကောင်ကတော့!
မဟုတ်သေးဘူး ငါပြောတာနားထောင်ကြည့်လေ
ငါတို့က အခုလည်း သူငယ်ချင်းဆိုတာမှန်တယ်
နောက်ဆိုလည်း သူငယ်ချင်းပဲဖြစ်မှာပေါ့
အဲဒီ့နောက်ပိုင်းကရော!
ငါ့ပတ်ဝန်းကျင်မှာတော့ ထာဝရသွားတဲ့
ဆက်ဆံရေးဆိုတာ မမြင်ဖူးဘူး
ချစ်လို့လက်ထပ်လိုက်တဲ့လူတွေတောင်
လမ်းခွဲနေတာလေ
သူငယ်ချင်းက ဘာအာမခံချက်ရှိလို့လဲ "
YOU ARE READING
The 1995 Friends
RomanceJimin x Taehyung / Vmin / ငါတို့က သူငယ်ချင်းတွေပါ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့ သူငယ်ချင်းတွေ ... ( 26.3.2022~~~31.3.2022 )