2

166 22 0
                                    

ဘာမှ မတုံ့ပြန်တာပါလိမ့်....
ဒီစကားအထိပြောခဲ့တာလေ ။
ဂျီမင်နီးက အရမ်းတိတ်ဆိတ်သွားတယ်
သူ့စိတ်နဲ့ဆို ရူးနေတာလားဆိုပြီး ဆဲဆိုလာရင်တောင်
မလုံလောက်တာ.......

" မင်းကရော! "

" ဘာ .... "

" Seo Ri မဟုတ်ဘဲ
မင်းကရော ဘယ်လိုလဲလို့......"

တွေဝေသွားသည် ဒါကို ဘယ်လို​​ဖြေရမှာလဲ
ပြီးတော့ ဂျီမင်က အရမ်းတည်တည်ငြိမ်ငြိမ်ကြီး
ပြောလာတာ.....

" ငါက......ငါက ဒီလိုသဘောထားတယ်ဆိုတာ
မသိခဲ့ဘူး..... ဒီအချိန်ထိ မင်းကို
သဘောကျတယ်လို့လည်း မတွေးခဲ့ဖူးဘူး "

" အခုထိ ငါ့ကို မုန်းနေခဲ့တာလား Taehyung ah!
အဲဒါကြောင့်အမြင်ကတ်နေတာလား
ငါကတော့ မင်းက အဲဒီလိုဆိုတာ မသိဘဲ...... "

ဘာပါလိမ့်!
ထူးဆန်းတဲ့စကားနဲ့ ထူးဆန်းတဲ့အကြည့်
ပတ်ခ်ဂျီမင် မတရားခံရရင် ပြူးထွက်လာတဲ့
မျက်လုံးတွေလိုမျိုးနဲ့ သူ့ကိုကြည့်နေသည်

" သဘောကျတယ်လို့ မတွေးဖူးဘူးဆိုရင်
မင်း ငါ့ကိုမုန်းနေခဲ့တာပေါ့...... ဒီသစ္စာဖောက်!
ငါက ဘယ်လောက်တောင် သဘောကျခဲ့ရလဲ
အတူရှိနေတာလည်း ပျော်ဖို့ကောင်းပြီး
ငါက အများကြီးကောင်းပေးခဲ့တာ........ "

ထယ်ယောင်းတစ်ယောက် လေတစ်ချက်
မှုတ်ထုတ်ရင်း နဖူးစက ဆံပင်စတွေကိုသာ
ခပ်ကြမ်းကြမ်းထိုးဖွလိုက်မိသည်
Timing က လွဲသွားတာဆိုရင် မပြောရမယ့်
စကားတွေလို့ပဲ မှတ်ယူလိုက်ရမှာ......

" ငါ အိပ်တော့မယ် မနက်ကျရင် မနှိုးနဲ့ "

ဝင်လာတုန်းကထက် မလေးလံတော့တဲ့
​ခြေလှမ်းတွေနဲ့ သူ့အခန်းကိုသာ တည့်တည့်
ဝင်သွားသည်.... ခပ်ပြင်းပြင်းဆွဲ​ပိတ်လိုက်တဲ့
တံခါးသံက ညဘက်အမှောင်ကို ထိုးဖောက်ပြီး......

ဆံပင်တွေကို ထိုးဖွလိုက်ကတည်းက
မှောင်ကျသွားတဲ့မျက်နှာရယ် .......
ဘေးနားလေးတင် ဖြတ်သွားတာကို
အေးစက်သွားတဲ့ လေထုနဲ့ ......
ကျယ်ကျယ်လောင်လောင် ပိတ်သွားတဲ့တံခါးဆီကနေ
ဂျီမင်အတွက် ​ခြေတစ်လှမ်းမရွေ့နိုင် ဖြစ်ရသည်

The 1995 Friends Where stories live. Discover now