3(final)

209 24 0
                                    

အဲဒီ့ညက မြက်ခင်းပြင်ပေါ်ဆောက်ထားတဲ့
Tant အိမ်ထဲမှာပဲ နှစ်ယောက်အတူ အိပ်ရသည်
ဂျီမင် ဦးဆောင်နေတဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ
လိုက်နာဖို့အပြင် မရှိတာကြောင့်
မစသေးခင်ပဲ ရှုံးသွားတဲ့ ခံစားချက်လိုမျိုးပါ ။

အခုလည်း စောင်တစ်ခုတည်းအောက်အတူခြုံရင်း
လွယ်လွယ်ကူကူ အိပ်ပျော်သွားတဲ့လူက
သူ့ဘေးမှာတင်......

နာရီပေါင်းများစွာ လှဲနေပေမယ့်
လုံးဝအိပ်မပျော်တာကြောင့် ကင်မ်ထယ်ယောင်း
သူ့ဘေးကနေ ထထိုင်ရတော့သည်
ဒူးထောင်ထားရင်း ပိုက်ထားမိတဲ့လက်တွေ
တင်းကြပ်လာတာက သူ့စိတ်အရောင်အတိုင်း.......

အိပ်နေသူကို ထိုင်ကြည့်ရင်း အချိန်ကုန်စေခဲ့တာ
ညသန်းခေါင်ယံတွေအထိ ။
ဘယ်လိုပဲတွေးတွေး ဒီလူနဲ့ သူငယ်ချင်းပြန်ဖြစ်ဖို့
သူကိုယ်တိုင်က ယုံကြည်ချက်မရှိတော့တာ .....
ဒါပေမယ့် သူ့ရွေးချယ်မှုသာ မှားသွားရင်
သူငယ်ချင်းတောင် ပြန်မဖြစ်နိုင်တော့တဲ့သူတွေ
ဖြစ်သွားရမှာစိုးသည် ။

ဘယ်အချိန်ကမှန်းမသိ ရောက်လာတဲ့
ထယ်ယောင်းရဲ့ကြောက်ရွံ့မှုတွေက
တစ်စတစ်စ ကြီးထွားလာနေသည် ။

" Taehyung ah! "

အိပ်နေရင်း ဘေးမှာအိပ်နေသူမရှိဘူးဆိုတဲ့
အသိကြောင့် မျက်လုံးဖွင့်ကြည့်မိတော့
ထယ်ယောင်းက အမှောင်ထဲမှာ ထိုင်နေသည်
ဒီအချိန်ကြီး ဒီလိုလုပ်နေတာ မြင်လိုက်တော့
ဂျီမင် အရမ်းထိတ်လန့်သွားရသည်

သူ့အနားသွားကာ ကြည့်မိတော့ ပုံစံမပျက်
မလှုပ်မယှက်နေနေသူက အရင်က သူသိတဲ့
ကင်မ်ထယ်ယောင်း မဟုတ်တော့သလိုပဲ......

" မင်း တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲ
ဘာလို့ ဒီလိုနေနေရတာလဲ..... "

" ငါ့ရဲ့ပုံစံက စိတ်ပျက်ဖို့ကောင်းနေလား "

" အားလုံး ငါ့ကြောင့်ဆိုတာ သိတယ်
မင်း ဒီလိုဖြစ်နေလေ ငါက ထွက်ပြေးချင်နေတယ် "

" ဟုတ်လား..... ဒါဆို အဲ့လိုလုပ်လို့ရသားပဲ
မင်းကိုမမြင်ရင် ငါလည်း အသိစိတ်ပြန်ဝင်လာမယ်
ထင်တယ် "

The 1995 Friends Where stories live. Discover now