Part 1 (Unicode)

142 19 2
                                    

*Jin Hyung ကသူ့သူငယ်ချင်းတွေနဲ့စကားပြောရင်း ရယ်နေသည်။ Jin Hyung ပြုံးလိုက်ရင် သိပ်ချောတာဘဲဆိုတာသိလား။ ပါးချိုင့်ပါတဲ့ကျွန်တော်တောင် Jin Hyung လိုပြုံးတာမလှဘူး။ တကယ်ပါ။ Jin Hyung ကကျွန်တော်ရဲ့နတ်သားလေး။*

ကင်မ်နမ်ဂျွန်းတစ်ယောက် ဆေးတက္ကသိုလ်ဒုတိယနှစ်အတန်းပြတင်းပေါက်ကနေ ခိုးကြည့်ရင်းတွေးနေတာဖြစ်သည်။ သူကြိတ်ကြွေနေတဲ့ Jin Hyung က ဒုတိယနှစ်ဆေးကျောင်းသားလေးလေ။ ရွေးတာတော်တယ်မလား။

"ဟေ့ကောင်"

ချောင်းကြည့်နေရင်း နောက်ကနေ ခေါ်လိုက်တာမလို့ လိပ်ပြာလွင့်မတတ်ဘဲ။

"မင်းငါတို့ကျောင်းက King
ကင်မ်ဆော့ဂျင် ကိုလာချောင်းနေတာလား နမ်ဂျွန်း"

လှည့်ကြည့်လိုက်တော့ သူရဲ့ဝမ်းကွဲအစ်ကို မင်ယွန်းဂီ။

"အာ.. မဟုတ်တာ။ ကျွန်တော်က Hyung ဆီလာလည်တာပါ"

သူမျက်နှာချိုသွေးရင်း ပြောလိုက်သည်။

"အပိုတွေ။ ကျောင်းချိန်လစ်ပြီး ဆေးကျောင်းက ကောင်မလေးတွေကိုလာချောင်းနေတယ်လို့ ဦးလေးတို့ကိုတိုင်လိုက်ရမလား။ ပြော"

ယွန်းဂီအမေနှင့် နမ်ဂျွန်းတို့အဖေတို့က မောင်နှမအရင်းတွေဖြစ်ကာ သူတို့ကတစ်ဝမ်းကွဲညီအစ်ကိုတွေဖြစ်ကြသည်။

"ကောင်လေးပါ"
သူတိုးညှင်းစွာပြောလိုက်သည်။

"ဘာပြောလိုက်တာ"

ယွန်းဂီမကြားလိုက်ရလို့ပြန်မေးလိုက်သည်။

"ဘာမှဟုတ်ပါဘူး။ ကျွန်တော်‌
ခုဘဲ ပြန်တော့မလို့ပါ။ ကျွန်တော်သွားပြီနော်"

သူ့ဘာသာပြောချင်တာပြောပြီး ပြေးထွက်သွားသည်။‌ ပြောတော့ သူကိုလာတွေ့တာဆိုပြီး။ တော်တော်ချစ်ဖို့ကောင်းတဲ့ညီလေး။

"ပြီးတော့ Hyung ဖေဖေတို့ကို
မတိုင်နဲ့နော်...."

ပြေးရင်း အော်ပြောသွားသေးသည်။ပြေးသွားတဲ့ နမ်ဂျွန်းကိုကြည့်ရင်း ယွန်းဂီတစ်ယောက်ခေါင်းရမ်းနေလိုက်သည်။

"အော် ဆယ်ကျော်သက်တွေများ ထိန်းရခက်လိုက်တာ"

ပြောလိုက်ပုံများ သူဆယ်ကျော်သက်အရွယ်တုန်းက မဆိုးခဲ့တာကျလို့။

------------------------

"ဟျောင့် ယွန်းဂီ ခုနကမင်းညီလာသွားတာလား။"

"အေး"

"ဘာလာလုပ်တာတဲ့လဲ"
ပြတင်းပေါက်ဘက်ကနေ ညီအကိုနှစ်ယောက်စကားရပ်ပြောနေတာမြင်လိုက်သောကြောင့် သူ မေးလိုက်သည်။

"လူလာချောင်းတာ"
ယွန်းဂီတစ်ယောက် ဆော့ဂျင်ဘက်ကို စပိုင်မျက်စောင်း‌လေး
တစ်ချက်လွှတ်ကာပြောလိုက်သည်။

"အော်"
သူ့ကို ယွန်းဂီကြည့်နေမှန်းသိတာကြောင့် စာအုပ်ကိုငုံ့ကြည့်ရင်းဆော့ဂျင်ပြန်ပြောလိုက်သည်။

ယွန်းဂီစိတ်ထဲ ဘာလို့မှန်းကိုမသိဘူး။သူ့ညီနဲ့ သူ့သူငယ်ချင်း
ကင်မ်ဆော့ဂျင်ကြား တစ်ခုခုဖြစ်နေတယ်လို့ထင်တယ်။ သူတို့နှစ်ယောက် စော်ပြိုင်လုနေကြတာလား ? ဒါမှမဟုတ် နမ်ဂျွန်းကြိုက်တဲ့ကောင်မလေးက King ကင်မ်ဆော့ဂျင်ကိုကြိုက်နေတာ မို့လို့လား ? သူတို့ဘာသာဘာဖြစ်ဖြစ်ကွာ။

-------------------

[နမ်ဂျွန်းသည် အထက်တန်းဒုတိယနှစ်ကျောင်းသားဖြစ်သည်။(ကိုးတန်း)]

ဒီနေ့ကတော့ ကျောင်းလစ်ပြီး crush ကို‌သွားချောင်းထားတာမို့
အိမ်ကိုလည်း မပြန်ရဲသေးပေ။ အချိန်ကလည်း စောသေးတာမို့ ဂိမ်းဆိုင်ကိုသာ သွားလိုက်သည်။

ဂိမ်းထိုင်ဆော့မလို့ရှိသေး ရင်းနှီးနေတဲ့ရယ်သံကြားလိုက်တာကြောင့် နောက်လှည့်ကြည့်လိုက်သည်။

*ဟမ် ဒီကောင်လည်း ကျောင်းလစ်ပြီးဂိမ်းဆိုင်ရောက်နေတာဘဲလား*
တွေ့လိုက်ရတဲ့ နောက်ကျောပြင်ရယ်၊ အော်ရယ်သံရယ်၊ ဘေးနားက Sprite အအေးဘူးရယ်က ထိုသူဟာ သူ့သူငယ်ချင်းကြီး
ဂျောင်ဟိုဆော့မှန်းအတပ်သိလိုက်သည်။ ပြောတော့ နေမကောင်းလို့ကျောင်းမလာဘူးဆိုပြီး ဂိမ်းလာဆော့နေတာဘဲ။

"အေး ငါနဲ့တွေ့မယ်"
ဟိုဆော့ရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း နမ်ဂျွန်းတစ်ယောက်
အယုတ်တမာအပြုံးနဲ့ ကြုံးဝါးလိုက်သည်။

____________________________

ဖတ်ရတာအဆင်ပြေကြရဲ့လားသိဘူး။ အဆင်ပြေဖို့မျှော်လင့်ပါတယ်။ Update က daily မို့ စောင့်ဖတ်ပေးကြပါဦး ARMY တို့ရေ💜

23.3.2022

My Boyfriend [On going]Where stories live. Discover now