Part 3 (Unicode)

121 16 0
                                    

"ခွေးကောင်လေး"

ဆော့ဂျင်သူ့နှုတ်ခမ်းကိုသူ လက်ဖြင့်ကိုင်ရင်း တွေးဆဆနှင့်ဆဲရေးလိုက်သည်။ သူအခုမှန်ရှေ့မှာရပ်နေပြီး ပုံစံက
အတွေးတွေလွင့်ပျံ့နေတဲ့ ဆယ်ကျော်သက်တစ်ယောက်လိုဘဲ။ အချစ်ကိုခုမှခံစားမိတဲ့ဆယ်ကျော်သက်လေးကျလို့။

ဆော့ဂျင် ရုတ်တရက်မှန်ထဲကိုအကြည့်ရောက်သွားခိုက် သူ အရူးတစ်ယောက်လိုပြုံးနေမှန်းသတိထားမိသည်။ သူမနေ့ညကလည်း တစ်ညလုံးဟိုလှိမ့်၊ဒီလှိမ့်နဲ့ အိပ်မပျော်ခဲ့ပါ။ မနေ့ညက ဟိုကောင်လေး သူ့နှုတ်ခမ်းကိုနမ်းသွားတဲ့ပုံရိပ်ဘဲ ပြန်ပြန်မြင်‌ယောင်နေလို့ ရူးသွားပြီလို့တောင်ထင်ခဲ့တာ။

ရည်းစားစကားပြောရင်း နမ်းသွားတဲ့ကောင်လေးကို ဆော့ဂျင်မကြေပါ။ သူလုပ်ချင်တာလုပ်ပြီး ပြေးထွက်သွားတာ ဘာသဘောလဲ။ လူကို လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ထင်နေတာလား။

သူတို့နှစ်ယောက်က ယောင်္ကျားလေးတွေလေ။ ဒါကမဖြစ်သင့်ဘူးမလား။ ဟုတ်တယ်။ ဒါက မဖြစ်သင့်ဘူး‌။  ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ စိတ်ကစားတဲ့အချစ်မျိုးဖြစ်နိုင်တာဘဲ။ ဒီလိုအချစ်မျိုးက ရင်ဆိုင်ရမှာတွေများတာမို့ မစသင့်ဘူး။

မစသင့်တဲ့ ဇာတ်လမ်းမို့ အစဖြတ်ရမည် မဟုတ်ပါလား။

"ကိုကြီး မျက်နှာသစ်တာမပြီးသေးဘူးလား။ ညီမလေးလည်း ရေချိုးရဦးမှာ"

အပြင်ဘက်က တံခါးခေါက်သံနှင့်အတူ ညီမလေးရဲ့စကားသံတစ်ချို့ကြောင့် အတွေးစတို့ရပ်တန့်သွား၏။

"အေး ငါပြီးပြီ။ ရပြီ ဝင်တော့"
ဆော့ဂျင်ပြန်ပြောလိုက်သည်။

သူကျောင်းသွားဖို့အဝတ်အစားလဲပြီးတာနဲ့ မနက်စာစားဖို့မီးဖိုချောင်ကိုသွားလိုက်သည်။

"မေမေ"
မိသားစုအတွက်မနက်စာပြင်ပေးနေတဲ့ အမေနားသွားပြီး နောက်ကနေဖက်ကာ သူကပ်ချွဲလိုက်သည်။

"အာရီးဂူး~~‌မေမေရဲ့သားလေး ဘာဖြစ်လို့လဲ။ မင်းတစ်ခုခုဖြစ်တိုင်း ငါ့ကိုဒီတိုင်းလာဖက်တတ်တာ။ ပြော...ခုဘာဖြစ်လို့လဲ"

My Boyfriend [On going]Where stories live. Discover now