Part 2 (Unicode)

96 16 3
                                    

"ဟျောင့်"

နမ်ဂျွန်း အလယ်တန်းကတည်းကပေါင်းလာတဲ့ ပြောမနာဆိုမနာသူငယ်ချင်းကြီး
ဂျောင်ဟိုဆော့ရဲ့ခေါင်းကိုနောက်ကနေတစ်ချက်တီးကာ အော်ခေါ်လိုက်သည်။

"ငါ့ခေါင်းရိုက်တာ ဘယ်ကောင်လဲကွာ"

ဟိုဆော့က သူ့ခေါင်းသူ တစ်ပွတ်ပွတ်နဲ့လှည့်မကြည့်သေးဘဲ အသံကအရင်ထွက်လာသည်။ပြီးကာမှ လှည့်ကြည့်သည်။

"ဟျောင့် နမ်ဂျွန်း။ မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

အံမယ် သူကများမေးရတယ် ရှိသေး။

"အဲ့ဒါ ငါကမင်းကိုမေးရမှာကွ။ ပြောတော့ နေမကောင်းဘူးဆိုပြီး ဂိမ်းဆိုင်ရောက်နေတယ်"

နမ်ဂျွန်းပြောရင်းနဲ့ ခုံတစ်လုံးဆွဲယူကာ ဟိုဆော့ဘေးနားဝင်ထိုင်လိုက်သည်။

"ဟီးဟီး"
ပြောလိုက်တော့ သွား၃၂ချောင်းလုံးပေါ်အောင် ဖြဲပြသေးသည်။

"နေပါဦး မင်းကရော ကျောင်းမတက်ဘူးလား"
ဟိုဆော့က မျက်လုံးတွေကို ပုံမှန်ထက်မှေးချလိုက်ကာ သူ့ကို
စပိုင်ကြည့် ကြည့်သည်။

"အေး ဟုတ်တယ်။ ငါ ယွန်းဂီ Hyung တို့ကျောင်းကိုသွားဖို့ ကျောင်းလစ်လာတာ"

"သိနေတယ်လေ။ အဟွန်း!
ယွန်းဂီ Hyung ကိုဗန်းပြမနေပါနဲ့။ဒုတိယနှစ်ဆေးကျောင်းသား King ကို သွားချောင်းရင်‌ချောင်းတယ်ပေါ့"

"အေး"
သူ့အကြောင်းအကုန်နီးပါးသိနေတဲ့ Best friend
ဟိုဆော့ကီးကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

"အဲ့ကိုသွားတော့ အခြေအနေဘယ်လိုလဲ"
သူ Jin Hyung ကိုကြိုက်နေတာကို ဟိုဆော့လည်းသိသည်။

"အဆင်ပြေ‌မနေပါဘူး ဟိုနေ့ကငါလုပ်လိုက်တာကို စိတ်ဆိုးသွားပုံဘဲ"

"အေးလေ စိတ်ဆိုးချင်စရာဘဲကို။ ခုဘဲရည်းစားစကားပြော၊ခုဘဲဖက်နမ်းတဲ့သူကို စိတ်မဆိုးရင် ဘယ်သူ့ကိုစိတ်ဆိုးရမှာလည်း ပြော။ မင်းကိုက စိတ်ရှည်ရှည်မထားတာ"

"အေးကွာ ငါလွန်သွားတယ်"

ဝန်ခံတယ်။ အဲ့ဒီနေ့က သူတစ်ကယ် Jin Hyung အပေါ်လွန်သွားတာ။ ရုတ်တရက်ကြီးဆိုတော့ Hyung လည်းလန့်သွားမှာဘဲ။

My Boyfriend [On going]Where stories live. Discover now