part2

212 29 2
                                    

​မောင်နဲ့ကျွန်​တော်ရဲ့​တွေ့ဆုံမှုကနည်းနည်း​တော့အူ​ကြောင်​"နိုင်သားဗျ ​မောင်နဲ့ကျွန်​တော်ကအတန်းတူအခန်းတူ​ပေမဲ့ ပတ်ဝန်းကျင်စူးစမ်း​လေ့လာမှုသိပ်မရှိတဲ့ကျွန်​တော့်အတွက်​တော့ ​မောင့်ကိုစတင်သတိထားမိခဲ့တာ ဒုတိယနှစ်မှာ​ပေါ့

အဲ့တာကလည်းကျွန်​တော့ပုံနဲ့စို​မောင့်ကိုသတိထားမိမယ်​တောင်မထင်ပါဘူးဗျာ ​မောင်ကသာစပြီးကျွန်​တော့်ကိုချဥ်းကပ်ခဲ့တာရယ်

များ​သောအားဖြင့်အတန်းမရှိရင်ကျွန်​တော်က တိတ်ဆိတ်ငြိမ်သက်​တဲ့​နေရာ​တွေမှာ ​ခေါင်းထိုးပီးအိပ်​နေကြရယ် အဲ့​နေ့က​ကျောင်းစစဖွင့်တဲ့​နေစိုပါ​တော့

ကျွန်​တော်လည်း​ကျောင်းကို​စော​ရောက်နေတာနဲ့ပဲ​ကျောင်းဝန်းထဲကလူ​တွေအ​ရောက်နည်းတဲ့ကျွန်​တော်တို့ အနုပညာအ​ဆောင်​ရှေ့ချယ်ရီပင်​အောက်​ခေါင်ထိုးအိပ်​လိုက်​တော့တာပဲ တိတ်ဆိတ်တယ်​လေ

ကျွန်​တော်ဘယ်​လောက်အိပ်​ပျော်သွားမှန်းမသိပါဘူးဗျာကျွန်​တော်နိုးလာ​တော့ကျွန်​တော်​ခေါင်းအုန်းအိပ်​နေမိတာကျွန်​တော့လွယ်အိပ်မဟုတ်ပဲ​မောင့်ရဲ့​ပေါင်​ပေါ်​ခေါင်းအုန်မိ​နေခဲ့တာရယ် ဘယ်​လောက်အူ​ကြောင်​ကြောင်နိုင်လိုက်လဲ

အမှန်က​တော့​မောင်ကကျွန်​တော့်ကိုပထမနှစ်မှာထဲကသတိထား​နေမိခဲ့ပီးသ​ဘောကျ​နေတာတဲ့ ကျွန်​တော်ပဲမသိတာပါ ​မောင့်သူငယ်ချင်း​တွေ​တောင်သိတယ်

​ပထမနှစ်မှာကျွန်​တော့်ကိုဘယ်လိုချဥ်းကပ်ရမလဲမသိတဲ့​မောင်ကပထမနှစ်​ကျောင်းပီး​နွေရာသီမှာ​တော့နည်းလမ်းစဥ်းစားရခဲ့တယ်နဲ့တူတယ်

​မောင်က​ကျောင်းမှာအ​ဆောင်ငှား​နေတာစို​တော့​မောင်းတို့အ​ဆောင်ရဲ့မျက်​​စောင်းထိုးနာကချယ်ရီပင်ကြီး​အောက်ကကျွန်​တော့်ကိုမြင်​တော့ ​မောင်လည်းအသည်းယားတာနဲ့ကျွန်​တော်ကိုထိုင်ကြည့်​နေရင်​နောက်ဆုံးအိပ်​နေတာ​ခေါင်းနာမှာစိုးတာနဲ့ ​ပေါင်​ပေါ်တင်လိုက်တာလို့​ပြောတာပဲ

​မောင်​တော့မသိဘူးကျွန်​တော်က​တော့အဲ့တုန်းကနိုးနိုးခြင်း​မောင့်ရဲ့မျက်နှာ​ချော​ချောကိုမြင်လိုက်ရ​တော့ ရင်ထဲကုလားဘုရားလှည့်သွားသလားမှတ်ရတယ်ရင်​တွေတုန်လိုက်တာစိုတာ

Cherry Blossom🌸Where stories live. Discover now