မိုးသည်းထန်စွာရွာနေတဲ့အဲ့နေ့က ကျွန်တော်မောင့်အဆောင်ခန်းကိုတန်းမသွားခဲ့ပါ မောင့်ရှိတဲ့နေရာကိုခြေမချရဲဘူးဆိုလျှင်ပိုမှန်လိမ့်မယ်
တင်းကျပ်နေတဲ့နှလုံးသားကိုရင်၀ယ်ပိုက်ကာ ဆိုင်ထဲမှာလျှင်မြန်စွာပြေးထွက်ခဲ့တယ် ဆိုင်အပြင်ရောက်တော့ သည်းထန်စွာရွာနေတဲ့မိုးဟာ ကျွန်တော့်ဘက်မှာရှိနေတာပဲလား ဒါမှမဟုတ် ကျွန်တော့်အဖြစ်လှောင်ရီနေတာများလား ဘယ်လိုပဲဖြစ်"ပါ မိုးရာသီကိုမနှစ်သက်တဲ့ကျွန်တော်ဟာ ဒီနေ့မှာတော့သည်းထန်စွာရွာသွန်းနေတဲ့မိုးအား ကျေးဇူးပင်တင်မိသည်
တင်းကျပ်နေတဲ့စိတ်အစဥ်ကို အနည်းငယ်များပြေလျော့သွားစေမလား စိုတဲ့အသိနဲ့မနှစ်သက်ဘူးတဲ့မိုးရည်တွေကြားမှာ အရုပ်ကြိုးပျက်ထိုင်ချကာ ကလေးတစ်ယောက်လိုပင် ရှိုက်ကြီးတငင်ငိုချပြစ်လိုက်တော့သည်
မောင့်ရဲ့ကျွန်တော့်အပေါ်ထားတဲ့မေတ္တာတွေဟာ ဒီသည်းထန်စွာရွာသွန်နေတဲ့မိုးလိုပဲ ရွာသွန်းချိန်မှာသည်းထန်နေခဲ့ပေမဲ့ မိုးတိတ်သွားချိန်မှာတော့ သူနဲ့မဆိုင်တော့သလိုပင်ပါပဲလား
မောင့်ကိုချစ်နေမိခြင်းဟာ ကျွန်တော်အတွက်ဒုက္ခသာဖြစ်ခဲ့မယ်စိုလျှင် ငါကလေထိုဒုက္ခကိုပျော်"ကြီးခံယူပြစ်မဲ့သူပါမောင်ရယ်
မိုးကိုမနှစ်သက်တဲ့ကျွန်တော့်ကို မိုးဟာဒဏ်ခတ်နေသလား နှစ်သိမ့်ပေးနေသလား ကျွန်တော်မသည်းကွဲတော့ပါ ကိုယ်ခံအားနည်းပီးကျန်းမာရေးခြူခြာတတ်တဲ့ကျွန်တော်ဟာ မိုးရေမပြောနဲ့ရေတောင်ကြာကြာချိုးမရလို့မရပါ
မိုးရွာလျှင်ထီးမဆောင်းတတ်တဲ့ကျွန်တော်ဟာ မောင့်ထီးအရိပ်မှာသာခိုလှုံခဲ့သည် အခုချိန်မှာတော့ကျွန်တော်ခိုလှုံခဲ့ဖူးတဲ့မောင်ရဲ့ ထီးရိပ်လေးကို ငါမဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကခိုလှုံနေတာကို ငါဘယ်လိုကြည့်ရက်ပါ့မလဲမောင်
ရွာလိုက်စမ်းပါ သည်းထန်စွာရွာလိုက်စမ်းပါမိုးရယ်
မိုးရွာသွန်းမှုသည်းထန်လေလေ နှလုံးသားရဲ့တင်းကျပ်မှုအစဥ်ဟာပိုမိုပျင်းထန်လာလေ"ပါပဲ
YOU ARE READING
Cherry Blossom🌸
Fanfictionလောကကြီး ပြောင်းလဲသွားခဲ့ရင်တောင် မောင့်အပေါ်ထားတဲ့ အချစ်တွေက ပြောင်းလဲမသွားပါဘူး မောင် Kim Taehyung×Min Yoongi