『Unicode』
သူ့ခြေလှမ်းတွေက ရုတ်တရက် ရပ်သွားပြီး လှည့်ပတ်ကြည့်လိုက်၏။ နူးညံ့ပြီးသိမ်မွေ့နေတဲ့ မျက်ဝန်းတွေက လရောင်အောက်မှာ အရည်ပျော်တော့မလို ဆင်တူသည်။
"ကိုယ်တို့ အဲ့ဒီအချိန်မှာတွေ့ခဲ့ကြရင် မင်း ကိုယ်သီချင်းဆိုတာကို နားထောင်မှာလား? "
ရှန်လင်းက ခေါင်းငုံချလိုက်ပြီး သူ့ပုခုံးလေးမှာလဲ အနည်းငယ် တုန်ယင်နေခဲ့၏။ သူ ဖူရွှယ်ရန့်ကို မကြည့်ရဲတော့ပါချေ။ ဖူရွှယ်ရန်ပြောပြခဲ့တဲ့ အဲ့ဒီ အတိတ်က ပွဲတွေမှာ သူ ပါဝင်ခဲ့သည်။ ဖူရွှယ်ရန်က ကြွားပြောနေတာမဟုတ်တာကိုလဲ သူသိထားပြီး သူက လူပေါင်းများစွာရဲ့ နတ်ဘုရားလေးဖြစ်မှန်းလဲ သိနေခဲ့သည်။ ဖူရွှယ်ရန်ကစားခဲ့တဲ့ ပွဲတိုင်းကိုလဲ သူ ကြည့်ဖို့သွားခဲ့ဖူးပါသည်။ သို့သော် သူက ဒီတိုင်း အနည်းငယ် အလှမ်းဝေးရာမှာသာ ရပ်နေတတ်ခဲ့ပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျလဲလက်မကမ်းခဲ့ဖူးပေ။ သူက တိတ်တိတ်လေးနဲ့လဲ ဖူရွှယ်ရန့်ကို ကာကွယ်ပေးပါသေး၏။
မည်သည့် လှုပ်ရှားမှုမျိူးဖြစ်နေပါစေ သူက စင်ပေါ်တက်ရန် ရွေးခံရသူဖြစ်သည်။ သူ သင်ပေးခဲ့တဲ့ သီချင်းအသစ်များစွာကိုလဲ သူ နားထောင်ခဲ့သည်။ မည်သည့်သီင်းမှ သူအတွက် ဆိုထားတာ မဟုတ်သော်ငြား သူဂရုမစိုက်ခဲ့ပါ။ နေ့စဉ်နေ့တိုင်းဖူရွှယ်ရန့်ကို တွေ့မြင်ခွင့် ရနေသရွေ့ သူတစ်ယောက်တည်း ကျေနပ်နေတတ်ခဲ့သည်။ ဖူရွှယ်ရန့်ကို ကြိုက်တယ်ဆိုတာကသူ့ရဲ့ ကိုယ်ပိုင် ကိစ္စလို့သာ တွေးထားခဲ့တာဖြစ်သည်။ ပြီးလျှင် တုံ့ပြန်ချက် မရလျှင်တောင် သူ့မှာ မှားနေတာမျိူး ဒါမှမဟုတ် တစ်ခုခုခံစားရတာမျိူး မရှိခဲ့ပေ။
သို့သော် ဖူရွှယ်ရန်က ဒါကို ပြောလာတော့ သူ့ရင်မှာ အကြောင်းအရင်းမရှိပါဘဲ အဆင်မပြေဖြစ်လာရသလို ခံစားလာရ၏။ သူက လဲကျပြီးတာတောင် ဂရုမစိုက်တတ်တဲ့ ဒီအတိုင်း ကလေးတစ်ယောက်ကဲ့သို့ပင်။ ဒဏ်ရာရပြီးတာတောင် သူ ငိုလဲမငို၊ ပြဿနာလဲ မရှာခဲ့။ သို့သော် တစ်ရက်မှာတော့ ရုတ်တရက်ကြီး သူဟာ တစ်စုံတစ်ယောက်ထံမှ ဂရုစိုက်ပေးခံလာရပြီး ဒါက သူ့ကို ကြီးမားတဲ့ မကျေနပ်ချက်တစ်ခု ဖြစ်ပေါ်လာစေသည်။