စောင့်နေရင်းjiminတို့အိပ်ငိုက်ချင်နေပြီးဖြစ်သည်။Minnyoongiဒုက္ခမသေးတဲ့Parkjiminတို့မနက်အစောကြီးထကာကျောင်းအပေါက်ဝမှာYoongiကိုထိုင်စောင့်နေခြင်းသာ။Taehyungကတော့မနိုင်ဘူးဆိုပြီးတော့ပြောကာအခန်းထဲကိုဝင်သွားပြီးဖြစ်သည်။သိုသော်လည်းကျောင်းရောက်ကတည်းကအခန်းထဲတောင်မဝင်နိုင်သေးဘဲကျောင်းအဝမှာတင်တစ်နေတဲ့jimin။ဒီနေ့Yoongiအသင်းဆိုတာသိလို့ကျောင်ကိုအစောကြီးလာကာစကားပြောဖို့ထိုင်စောင့်နေခြင်းသာ။လာမလာတော့မသိဘူးparkjiminတို့စောင့်နေတာတော့သစ်ကုလားအုပ်ဖြစ်တော့မယ်။
Yoongiကတော့ခါတိုင်းလိုပင်စက်ဘီးလေးစီကာကျောင်းကိုလာသည်။ကျောင်အဝင်ဝရောက်တော့ရုတ်တရက်စက်ဘီးရှေ့ကပိတ်ရပ်လိုက်တော်ဘရိတ်ကိုအမြန်အုပ်ကာအဆဲလေးပါပါမှမင်းယွန်းဂီမည်မယ်မလား။
" shit!! ဘယ်ခွေးကစက်ဘီးရှေ့ပိတ်ရပ်နေတာလဲဟ သေချင်နေလားမသိဘူး "
"ဘယ်ခွေးမှမဟုတ်ပါဘူး ကျွန်တော်ပါ"
" လာပြန်ပြီး မင်းပဲလား ဘာကိစ္စငါ့စက်ဘီးရှေ့ပိတ်ရပ်နေတာလဲ "
"ကျွန်တော်ပြောစရာရှိလို့ ကျွန်တော်နာမည်parkjimin အထက်တန်းပထမနှစ်ကပါ yoongiကကျွန်တော်ထက်ကြီးတော့hyungလိုပဲခေါ်မယ်နော်hyung "
စိတ်မရှည်တဲ့ပုံစံနဲ့hyungကပါးစောင်းကိုလျှာဖြင့်ထိုးကာကျွန်တော်ကိုမကြည့်သလိုကြည့်နေသည်။hyungရဲ့အခုပုံစံကိုနည်းနည်းတော့ကြောက်ပေမဲ့ပြောစရာရှိတာတော့ပြောရမယ်လေ။ဒီလိုအခွင့်အရေးရဖို့အိပ်ရေးပျက်ခံပြီးတော့မနက်အစောကြီးလာစောင့်နေရတာမဟုတ်လား။
" ကျွန်တော်hyungနဲ့သူငယ်ချင်းဖြစ်ချင်လို့ "
" ငါတော့မင်းနဲ့သူငယ်ချင်း မဖြစ်ချင်ဘူး အဲတော့ငါကိုနှောက်ယှက်နေတာရပ်ပြီးတော့ကိုယ့်လမ်းကိုသွား "
သူပြောချင်တာပြောပြီးတော့ထွက်သွားတဲ့Hyungပါ။နောက်ကိုတစ်ချက်လေးတောင်လှည့်ပဲထွက်သွားတဲ့hyung။ဒီလိုအခြေအနေမှာTaehyungသာရှိနေရင်ငါကိုလှောင်နေလောက်မှာ။တော်သေးတယ်ထယ်ထယ်မရှိတာတာကံကောင်းသွားတယ်မဟုတ်ရင်ပြောလို့ပြီးတော့မှာမဟုတ်တော့ဘူး။hyungဒီလိုပြောလာမယ်ဆိုတာကြိုသိပါတယ်။ကြိုသိပေမဲ့တကယ်အပြောခံလိုက်ရတော့ရင်ထဲတစ်မျိုးကြီးပဲ။
YOU ARE READING
Trauma 🩹💔🩹
Fanfictionတချို့လူတွေ အတွက်လွယ်ကူလွန်းလှတဲ့အရာတွေက.... ငါတို့အတွက်တော့အရိုးကျိုးမတတ်ကြိုးစားပြီမှရလာတဲ့ အရာတွေပဲ....