အိမ်မပြန်ဖြစ်တာနှစ်ရက်လောက်တော့ရှိပြီမို့ဒီနေ့တော့အိမ်ပဲပြန်လိုက်တော့မယ်။
ညကျရင်အချိန်ပိုင်းအလုပ်ဲသုံးမှာဒီနေ့တော့အိမ်ပြန်နားလိုက်တာပဲကောင်းမယ်။အိမ်ပြန်ရောက်ရောက်ချင်းကြားလိုက်ရတဲ့စကားကတော့'ကျက်သရေမရှိတဲ့အကောင်ပြန်လာပြီ ဘယ်သွားသေနေလို့အခုမှအိမ်ပြန်လာလဲမသိဘူးအလကားသုံးစားမရအလေလွှင့်အလေလိုက်နေတဲ့ကောင် 'တဲ့စကားလဲပြန်မပြောချင်တော့တာမို့ကိုယ်အခန်းထဲကိုယ်သာမကြားချင်ယောင်ဆောင်ပြီးတော့ဝင်သွားလိုက်သည်။ပြန်ပြောနေရင်လဲအဆုံးမရှိတဲ့ရန်ပွဲလို့ပင်တကျတ်ကျတ်ဖြစ်နေအုံးမှာကိုယ်လဲပင်းပန်းလာတာမို့နားပဲနားလိုက်တော့မယ်။
ညပိုင်းအချိန်ပိုင်အလုပ်ကရှိသေးတော့အိပ်လို့ရမှာမဟုတ်တော့အခုကတည်းကနားလိုက်မှညကျရင်အချိန်ပိုင်းလုပ်နိုင်မှာ။ခနဆိုပြီးတော့နားလိုက်တာနိုးလာတော့အချိန်ပိုင်းအလုပ်လုပ်ဖို့အချိန်ကနီးလာတာမို့ထပြီးရေချိုးအဝတ်စားလဲကာအချိန်ပိုင်းအလုပ်ဆီကိုပဲထွက်လာခဲ့သည်။ညစာလဲဆိုင်ရောက်မှတစ်ခုခုစားလိုက်တော့မယ်။ကျွန်တော်လုပ်တဲ့အချိန်ပိုင်းအလုပ်ကညဘက်24နာရီစတိုးဆိုင်လေးမှာညပိုင်းဆိုင်စောင့်ပေးရတာပါ။ပိုက်ဆံတော့သိပ်မရပေမဲ့ကျွန်တော်အသုံးစရိတ်ကိုတော့ကာမိတယ်လေ။ဆိုင်ရှင်ကနောက်ကျရင်မကြိုက်တာမို့ဆိုင်ကိုခပ်သွက်သွက်လေးပင်သွားလိုက်သည်။
ဆိုင်ရောက်တော့ ဆိုင်ရှင်ကအရေးတကြီးနဲ့
" yoongi မင်းရောက်လာတာအတော်ပဲကွာငါ့မှာမင်းမလာသေးလို့စောင့်နေတာ ငါသွားစရာရှိလို့ဒီနေ့တော့အရင်ပြန်နှင့်ပြီး စျေးလဲကောင်းကောင်းရောင်းအုံး "
ပြောရင်းဆိုရင်းနဲ့ဆိုင်ရှင်သူ့ဝတ်ထားတဲ့အပေါ်ကယူနီဖောင်းကိုချွှတ်ပေးရင်းပြောနေသည်။ကျွန်တော်လည်းယူနီဖောင်ကိုးဝတ်ရင်းသူပြောသမျှဟုတ်ကဲ့ချည်းချခဲ့သည်။
"ဟုတ်ကဲ့ ပါ "
" အေးအေး ဒါဆိုရင်ငါသွားပြီးနော် "
" ဟုတ်ကဲ့ "
ဆိုင်ရှင်လဲသွားပြီးငါလဲဗိုက်ဆာလာပြီး။အိမ်ကထွက်လာတုန်းကလည်းဘာမှမစားလာခဲ့၊ဆိုင်ရောက်မှစားမယ်ဆိုပြီးထွက်လာတာ။ဘာစားရင်ကောင်းမလဲခေါက်ဆွဲပဲစားရမလား။
YOU ARE READING
Trauma 🩹💔🩹
Fanfictionတချို့လူတွေ အတွက်လွယ်ကူလွန်းလှတဲ့အရာတွေက.... ငါတို့အတွက်တော့အရိုးကျိုးမတတ်ကြိုးစားပြီမှရလာတဲ့ အရာတွေပဲ....