မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကတော့ တောင့်တင်းသွားကာခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေကပြောင်းပြန်စီးဆင်းနေသလိုပင်။တစ်ခနတာတော့Parkjiminဦးနှောက်နဲ့ခန္ဓာကိုယ်ဟာ အဆက်အသွယ်ပြတ်သွားသလိုပင်။
ငါးယောက်တစ်ယောက်ဖြစ်နေတဲ့ရန်ပွဲဟာတကယ်တန်းကြည့်ရင်တော့မမျှတ၊ပြောရရင်သက်သက်အုပ်စုဖွဲ့အနိုင်နေတာ။
နဖူးတွေမျက်နှာတွေမှာရစရာမရှိအောင်အထိုးခံနေရင်းထိုငါးယောက်တစ်ယောက်ရန်ပွဲထဲတွင်parkjiminတစ်ယောက်မနက်စာတောင်မစားပဲမနက်အစောကြီးကျောင်းသို့သွားကာလိုက်ရှာနေခဲ့သောMinyoongiဆိုသောသူပါဝင်နေခြင်းသာဖြစ်သည်။ကိုယ်ကရန်တွေ့မယ်လို့တေးထားသော်လည်း Yoongiကိုဒီလိုပုံစံမျိုးနဲ့တွေ့ရတော့လည်းရန်တွေ့ချင်တဲ့စိတ်တွေကကြက်ပျောက်ငှက်ပျောက်ပင်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမတရားတဲ့ရန်ပွဲကြီးကိုတော့ဒီတိုင်းကျော်မသွားနိုင်ပါဘူး။ပြီးတော့yoongiကိုလည်းတစ်ယောက်တည်းမထားခဲ့နိုင်ဘူး။မျက်နှာတစ်ခုလုံးဒဏ်ရာတွေချည်းပဲမို့။
" ဦးလေး ကားရပ်ပေးပါ "
"ဘာလုပ်မလို့လဲ jimin မင်းရန်ပွဲထဲတော့ပါမလို့လို့တော့မပြောနဲ့နော် "
"အေး ဒီလိုမတရားတာကြီးကတော့လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ပြီးတော့yoongiကငါတို့အတန်းထဲကလေငါမသိချင်ယောင်မဆောင်နိုင်ဘူး "
" အင်းအဲတာတော့ဟုတ်တယ် ငါတို့ဒီတိုင်းတော့ကျော်သွားလို့မရဘူး ဒါပေမဲ့ငါတို့ဒဏ်ရာတွေရလာရင် ဘယ်လိုပြောမလဲappaကို "
" ထားလိုက်ကွာ နောက်ပြဿနာနောက်ရှင်းပဲ အခုတော့ ဟို အချေတော်ကြီးကခံနေရပြီး အမြန်ဆင်းခဲ့ကားပေါ်ကနေ "
" အေးပါကွာ "
Taehyungကိုပြောပြီးတာနဲ့ ရန်ပွဲဆီကိုနှစ်ယောက်သားဦးတည်ခဲ့ကြသည်။
" ဟေ့ရောင်တွေ မင်းတို့ရန်ဖြစ်နေတာကမမျှတဘူးထင်တယ် ရန်ဖြစ်ချင်လဲ by oneချင်းချတာမဟုတ်ဘူး ဘာလဲ ကလေးကလား ငါးယောက်တစ်ယောက်အနိုင့်ကျင့်နေတာလား "
![](https://img.wattpad.com/cover/304583631-288-k256647.jpg)
ESTÁS LEYENDO
Trauma 🩹💔🩹
Fanficတချို့လူတွေ အတွက်လွယ်ကူလွန်းလှတဲ့အရာတွေက.... ငါတို့အတွက်တော့အရိုးကျိုးမတတ်ကြိုးစားပြီမှရလာတဲ့ အရာတွေပဲ....