Uni..**
ထိုနေ့ Blake ရန်ကုန်သို့ပြန်လာခဲ့နေ့..
ချစ်ရသူနဲ့ ဆုံတွေ့ခဲ့တဲ့နေ့..ပဲဖြစ်သည်။//လေယဥ်ဆိုက်တော့ ပင်ပန်းနေတာရော အိပ်ချင်တာရောပေါင်းပီး လူကနုံးနေသည်။
ပတ်ပတ်လည်ကွင်းထဲကိုဝေ့ကြည့်တော့..အကြိုမတွေ့သေး..'အကိုကတော့ နောက်ကျပြန်ပီ..'
Blake စိတ်ထဲအချဥ်ပေါက်ပေါက်တွေးရင်း..
ရှေ့က တွေ့ရာခုံတခုမှာဝင်ထိုင်လိုက်သည်။
ကွင်းထဲမှာ အစီအရီ သူ့လူကိုယ့်လူလာကြိုနေတာတွေကို Blake တွေ့ရသည်..တချို့တချို့ကောင်မလေးတွေရော ကောင်လေးတွေရော လည့်ကြည့်လည့်ကြည့် လုပ်နေကြသေးတာကိုလည်း မြင်နေရသည်..ဂရုမစိုက်ချင်တော့ လူကပင်ပန်းလို့ အိပ်ရာပေါ်သာပစ်လှဲပီး အိပ်လိုက်ချင်ပီ ကိုယ့်ဘာသာ taxi ငှားစီးပီးပြန်ရင်ကောင်းမလား..။ဘယ်လိုပြန်ရမှာလည်း Blakeမသိဘူး ရန်ကုန်နဲ့ခွဲရတာ 13နှစ်ရှိသွားပီ.. Blake 5နှစ်သားအရွယ်ထဲက ပြင်သစ်ကို ဦးလေးကခေါ်သွားတာဖစ်သည်။"so sorry ပါဗျာ.."
ခုံးပေါ်မှာ မိန်းခနဲ ငိုက်သွားတုန်းလူကိုထိလိုက်တဲ့အထိအတွေ့ကြောင့် နိုးလာသည်..
အိပ်ချင်နေပါတယ်ဆို စိတ်ကထောင်းကနဲတိုလာသည်..တွေ့မယ် ဒီလူ..!
အပေါ်ကုတ်ကိုချွတ်ပီးမျက်နာကို အုပ်ထားတာမို့ တိုက်တဲ့လူကိုချက်ချင်းမမြင်ရ.."ဒီမှာလူ..!"
"စိတ် စိတ်မရှိပါနဲ့တောင်းပန်ပါတယ် ကျွန်တော်အရေးကြီးကြိုစရာရှိလို့မြန်မြန်သွားရင်းတိုက်မိသွားတာပါ.."
ထိုလူက Blake ရဲ့စကားစကိုဖြတ်ပြောသည်..ဖြူဥဥ အသားလေးကချွေးများလည်းနဲနဲစို့နေသေးသည်။ အပြစ်မဆိုရက်စရာရုပ်ကလေး ..
"ရပါတယ် ဆက်သွားပါ.."
"ဟုတ် တောင်းပန်ပါတယ် "
ထိုလူကပြောပီး ဆက်သွားဖို့အလုပ်..
"ခန..!"
Blake တားလိုက်ပေမဲ့ ဘာမှမဟုတ်ဒီတိုင်း သွားခိုင်းလိုက်ရမှာ နှမြောနေသလိုခံစားရသည်။
"ဖုန်းနံပါတ်လေးပေးပါလား.."
"ခမျာ! "
ထိုလူက ကြောင်အအနဲ့ ဖစ်နေသည်..