Uni**
ဒီနေ့ အသွင် အိမ်မှာတယောက်ထဲနေရတာလည်း ပျင်းလာတာနဲ့..တခုခုစားချင်သလိုလည်းဖြစ်လာတာကြောင့် အပြင်လာခဲ့တာဖြစ်သည်။
Blake ကအလုပ်သွားနေတုန်း..အပြင်သွားချင်တယ်ပြောရင်ချက်ခြင်းပြန်လာမယ်မှန်းသိပေမဲ့ အလုပ်လုပ်နေသူကိုမနှောက်ယှက်ခြင်ပါ..။
ရှော်ပင်စင်တာရှေ့အရောက်..ကားရပ်ပီးဆင်းလိုက်ပီဆိုကထဲက ဘေးကစကားသံတချို့တချို့ကိုကြားနေရသည်..။
ဆံပင်အရှည်တို့ကို အမြဲဖျာချထားတတ်တဲ့အသွင်ကအခုလည်းထိုအတိုင်းပါပဲ..ဘေးကိုအာရုံမပြုပဲ စင်တာထဲပဲတန်းဝင်ခဲ့လိုက်သည်။'ဟယ် ချောလိုက်တာ Uke typeပဲဒီဘဲကြီးက..'
'အားငါအဲ့လိုလေးတွေဆို သိပ်ကြိုက်တာ'
'ချစ်စရာလေးဟယ်..'
'ငါသူ့ကိုသိတယ် သူ့ဘဲကမျိုးရိုးလိုက်ကြီးကြီးတက်နော်.. အသာလုပ်'
'ဟယ် သူ့လူကြီးပါမြင်ဖူးချင်လိုက်တာ..'
'အတွဲလိုက်မြင်ရရင်ပိုအရသာရှိတယ် နှစ်ယောက်လုံးကသိပ်လိုက်ဖက်တာ..'
အင်းဒီလိုပါပဲ အမြဲတမျိုးမဟုတ်တမျိုးတော့ပြောနေကြတာ Blake သာပါရင်ဒီထက်ဆိုးအုံးမှာ.. နားငြီးနေမှာသေချာပေါက်..။
"မိုးသား အသွင်.... "
အသွင် စားဖို့အတွက်လိုအပ်တာတချို့ရယ်..ကျန်တာလေးတွေပါ လိုအပ်တာတွေစဥ်းစားပီးဝယ်နေတုန်း..နောက်ပါးဆီမှ ကိုယ့်နာမည်ကိုခေါ်လိုက်တဲ့ အမျိုးသမီးတဦး၏အသံ..။
"ဟာ...! ခင်သိမ့်.."
"ငါကြည့်နေတာ နင်နဲ့တူပါတယ်ဆိုပီးခုနထဲကပဲ နင်ကဆံပင်အရှည်နဲ့ဆိုတော့သေချာဖမ်းယူနေရတယ်.."
"ငါပိုချောလာတယ်တော့လုပ်.."
နှစ်ယောက်သားမတွေ့ကြတော့တာ 2နှစ်လောက်ရှိပီ..Day တက်တုန်းကခင်ခဲ့တဲ့သူငယ်ချင်းမလေးက တော်တော်လှလာတာ..။ခင်ခင်သိမ့်က တော်ပီးထက်မြတ်တဲ့မိန်းကလေး တော်ရုံ နဲ့စကားမပြောတတ်ချေတာမျိုးကြီးမဟုတ်ပေမဲ့ တည်တည်တံ့တံ့သူ့ပုံစံက
ယောကျ်ားလေးရော မိန်းကလေးပါပစ်ကြွေချင်စရာ..။