Uni**
နိုးထလညတဲ့မနက်ခင်းတိုင်းမှာ..ချစ်ရသူနဲ့အတူရှိနေခဲ့တယ်..။မျက်လုံးတို့ဖွင့်လာပီဆိုထဲက..ချစ်ရသူမျက်နှာလေးကိုအရင်ဆုံးမြင်ခွင့်ရခဲ့တယ်..။
အခုဆို..သူတို့နှစ်ယောက်တွဲနေခဲ့တာ..3နှစ်ကျော်ကြာခဲ့ပီ..။ပြောင်းလဲသွားတာမရှိခဲ့..။
အရင်လိုမျိုးအချိန်ရှိတိုင်းတော့အတူတူမနေဖြစ်တော့ပါဘူး..။နောက်တနှစ်ကျော်လောက်နေရင်လက်ထပ်ဖို့အတွက်ပြင်ဆင်နေကြရင်းပေါ့..။
တယောက်နဲ့တယောက်..အပြန်အလှန်နားလည်မူတွေနဲ့..နေလာခဲ့ကြတာ..Blake ကလည်းသူ့အလုပ်နဲ့သူ မအားလပ် အသွင်ကလည်း ကိုယ့်အလုပ်နဲ့ကိုရှုပ်နေတာနဲ့အတူမနေရတဲ့ရက်တွေများလာခဲ့သည်။
ဒါပေမဲ့ မနေရဘူးဆိုပေမဲ့လုပ်ဝကြီးတော့မဟုတ်ပါ..အခုတောင်..ပြောမရဘူး..။
"အကုန်ပြင်ပီးပီ အသွင်သွားကြတော့မလား.."
Blake အသံကြားမှအသွင်အတွေးစတို့ကိုရပ်ပစ်လိုက်သည်။ဟုတ်သားပဲသူတို့နှစ်ယောက်ကမ်းခြေကို အပျော်ခရီးထွက်လာတာ တရက်ကျော်နေပီ ။
"သွားကြမယ်လေ..ငါလည်းပီးပီ.."
"အရမ်းမတိုဘူးလား..ကမ်းခြေကလူများတယ်အသွင်..ခများပေါင်ဖြူဖြူလေးတွေသူများတွေကြည့်တော့မှာပဲ.."
"အာ..ရ.."
Blake ကသူဝတ်လာတဲ့အပေါ်အက်ျီပါးပါးကိုချွတ်ပီး..အသွင်ရဲ့ခါးမှာလာချည်ပေးသည်။ ကမ်းခြေပဲလူတိုင်းဒီလိုပဲဟာကို..။
"သူများတွေလည်း ဒီလိုပဲဝတ်နေကြတာကို.."
"မတူဘူး ခများကကျွန်တော့လင်.."
"မင်းနဲ့တော့နော်.."
ပြောပီး အသွင်တို့ရေကစားရန်ဆင်းခဲ့ကြတော့သည်။ Blake ကိုယ်ပေါ်က ရေစိုနေ၍ပေါ်နေတဲ့ အသားမြောင်းလေးတွေကိုမြင်ရင် အသွင်ရေဆာသလိုလို ဘာလိုလ်ုဖြစ်လာသေးတာ..။
"အသွင် ဆံပင်တွေကိုစီးလိုက်ပါလား၊..ရေတွေအရမ်းစိုရင်ဖျားလိမ့်မယ်။"
Blake ကပြောလည်းပြော..အသွင်ဆံပင်တို့ကိုလာစည်းပေးသည်။ချစ်တတ်သူကြီးပါ..၊