အခန်း ၎

3K 260 2
                                    

                             အခန်း ၎

''ဟိတ် နေး''

''အင်း ပြောလေ အမထား"

"တို့ခုမှကျောင်းရောက်တာလေကွာ ရောက်ရောက်ချင်းမင်းမျက်နှာကိုမြင်ချင်လို့ အတန်းကတောင်လစ်ထွက်လာရတာ"

အမထားက နေးတို့ YUFLက စီနီယာကျောင်းသူ တစ်ယောက်ပင်။ စာလည်းတော်သလို အရမ်းလည်းလှပါသည်။

"ဟုတ် နေးပြောတာက အဲ့လိုမဟုတ်ပါဘူး အမပြောစရာရှိမယ်ထင်လို့ပါ"

"နေးက မသိရင် တို့ကို ဝဋ်ကျေတန်းကျေပဲ မေးသလိုကြီးဖြစ်နေလို့ စိတ်မကောင်းသွားတာရယ်"

နေး ဘာမှမပြောခင် အမထားက နေးဘေးနားက ခုံကိုဝင်ထိုင်သည်။ ပထမဆုံး ကျောင်းတက်ရက်ဖြစ်သည်မို့ နေးစိတ်ကြည်နေသည်။ ပထမဆုံးကျောင်းတက်ရက်ဆိုတာက နေးတို့က ဒီအပတ်နောက်ဆုံးတက်ပြီးရင် သင်္ကြန်ပိတ်မှာလေ။ March လကုန်တဲ့ထိတော့တက်ရဦးမယ်။ သူငယ်ချင်းတွေမရောက်သေးသော်လည်း အခန်းထဲတွင်တော့ ကျောင်းသားတစ်ချို့ရဲ့ စကားသံတချို့ကဆူနေသည်။ ဒါကလည်း ပျော်စရာပါ။

"နေး ကျောင်းပြီးရင်ဘာအလုပ်လုပ်မှာလဲ"

အမထားရဲ့ စကားကိုကြားတော့ ဘာမဆိုင်ညာမဆိုင် ဒေါက်တာမမှီသာကို သတိရမိသည်။ သူတကယ်နေးကို ခုလိုမမေးဘူးပါ။ ထိုအတွေးနဲ့တင် ဝမ်းနည်းမိသွားရသည်။

"နေး ကျောင်းပြီးရင် ဘာလုပ်ရမလဲတော့ မသိသေးပါဘူး စဉ်းလည်းမစဉ်းစားရသေးတော့လေ"

"အင်း နေးကြိုက်သာလုပ်ပါ။ နေးလုပ်တာကို တို့လည်းလိုက်လုပ်မှာလေ"

အမထားက ထိုသို့ပြောပြီး သဘောတကျရယ်ပြန်သည်။ ဒီအမက နေးကိုသိပ်ချစ်တာနေးသိတာပေါ့။

"ထား"

နှစ်ယောက်သား တိတ်နေမိတဲ့အချိန်အတွင်း အမထားရဲ့ဘေးနားသို့ ယောကျာ်းလေးတစ်ယောက်လာရပ်သည်။ နေး မသိချင်သော်လည်း ဘေးနားမှာ အမထားရှိနေသည်မို့ ထိုယောကျာ်းအားမော့ကြည့်မိသည်။

"ထား ကျွန်တော်ဒါလေးပေးပါရစေ"

နှင်းဆီနီနီတစ်ပွင့်နဲ့စာတစ်စောင်ပင်။ အမထားကေတာ့ ထိုယောကျာ်းကို ဒီတိုင်းလေးကြည့်နေသည်။ တအောင့်နေတော့ နေးကိုပြန်ကြည့်လာပြန်သည်။

MY HEART DEARWhere stories live. Discover now