အခန်း ၆

3.2K 281 7
                                    

                          အခန်း ၆

''ဟိတ် နေး မနက်ဖြန်သင်္ကြန်နော် အဆင်သင့်ပဲလား''

အမြဲတက်ကြွနေတဲ့ သူငယ်ချင်းတွေက နေး အနားကပ်ထိုင်လို့ ပြောသည်။ စာမေးပွဲဖြေပြီးတာတောင် နှစ်ရက်ရှိခဲ့ပြီ မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ပင်။

"ဆိုပါတော့"

ခပ်ပြုံးပြုံးလေးပြောလိုက်တဲ့ နေးကို အရွန်းကသေချာကြည့်နေပြန်သည်။ မသိချင်ယောင်ဆောင်ကာ အရွန်းကို ထပ်ရယ်ပြလိုက်မိသည်။

"ဘာပဲဖြစ်ဖြစ် စာမေးပွဲတောင်ပြီးသွားပြီနော် ငါတို့လည်းနောက်ပိုင်းကျ အလုပ်တွေကိုယ်စီနဲ့ခွဲခွာရတော့မှာဘဲ"

ပစ္စုပ္ပန်ကို လွမ်းမောရင်း ပြောလာတဲ့ ငထွဋ်ရဲ့စကားကြောင့် နေးတို့သူငယ်ချင်း လေးယောက်သား ခေါင်းငြိမ့်ပြမိပါသည်။ မနက်ဖြန်အစီစဉ် ပြောစရာရှိလို့ဆိုပြီး ကျောင်းအနီးက ကော်ဖီဆိုင်တွင် နေးတို့ အဖွဲစုနေကြသည်။

''မရောက်သေးတဲ့ အနာဂတ်ကို တွေးပူမနေပါနဲ့လေ "

နေးက ထိုသို့ပြောတော့ သုံးယောက်သား နေးကို ဝိုင်းကြည့်လာကြသည်။ အမြဲသူတို့က အဲ့အတိုင်းပဲ။ နေးကတစ်ခုခုပြောလိုက်တာနဲ့ နောက်ထပ်ပြောလာမယ့်စကားကို ထပ်မျှော်ကြသည်။ နေး တစ်ခုခုပြောဖို့လိုသေးတဲ့ပုံစံနဲ့ကို သူတော်ကောင်း သူငယ်ချင်းတွေက စိုက်ကြည့်နေတတ်သည်။ ဝတ်ထားတဲ့ ပါတိတ်ဝမ်းဆက်အညိုရောင်ကို တစ်ချက်ငုံကြည့်မိသည်။ သူဒီနေ့ဘာလို့များ ခုလိုမြန်မာဝတ်စုံကြီးဝတ်လာမိတာလဲဆိုတာ မည်သူမှသိမည်မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းလေးတွေသာ ချူပ်ဝတ်တက်ပြီး ဆံနွယ်အရှည်တွေကို ဖြန့်ချထားတက်သည့် နေးကို ကျောင်းကကောင်လေးတွေသာမက ကောင်မလေးတွေက အစချစ်တက်ကြသည်။

"အနာဂတ်ကိုတွေးပြီး စိတ်ပူမယ့်အစား ခုအကျိုးရှိတာကိုပဲလုပ်ကြတာပေါ့။ မနက်ဖြန်ရန်ကုန်မြို့အလယ်တည့်တည့်က ဗဟိုမဏ္ဍဍ်ကြီးမှာ အတူတူဆုံကြမယ်"

အားတက်သရော် ပြောလိုက်တဲ့ နေးစကားကြောင့် အနာဂတ်ကိုစိတ်ပူနေကြတဲ့ သူငယ်ချင်းသုံးယောက်လည်း ပျော်ရွှင်သွားသည်။ နေး အနေနဲ့သူတို့နဲ့မခွဲချင်ပေမဲ့လည်း အချိန်တန်ရင်တော့ခွဲကြရမှာဘဲလေ။

MY HEART DEARWhere stories live. Discover now