ငြင်းပယ်တယ်
ထိုစကားကိုကြားတော့ နန်းတော်ထဲရှိတဲ့ လူတွေအကုန်လုံးရဲ့မျက်နာဟာမဲ့ မှောင်လို့နေပြီး အကြည့်တွေဟာလည်းအေးစက်လိုနေတယ်။ အထူးသဖြင့် ဘုရင်လေးရဲ့ မျက်လုံးထဲကနေ "ဒီမိစ္ဆာကိုသတ်မယ်"ဆိုတဲ့ အကြည့်တွေဖျာနေပြီး မျက်နာအမှုအရာမှာလုံးဝကိုအေးစက်ပြီး ကျန်တာမတွေ့နိုင်တော့ဘူး။
ထိုအရာကိုရိပ်မိတဲ့ ဝတ်စုံနီနဲ့ကောင်လေး ကတော့ နူးညံ့ညင်သာသော်အသံဖြင့် ။ "စိတ်လျော့ပါဘုရင်လေး ကိုယ်က မိစ္ဆာတွေကို ဒီကိုတိုက်အောင်လုပ်တဲ့သူလည်း မဟုတ်သလို ကိုယ်ကမိစ္ဆာတွေကို ဒီလောက ကိုခေါ်လာတဲ့သူလည်းမဟုတ်ပါဘူးနော် နောက်ပြီး ကိုယ်ကိုယ်တိုင် က ဒီကိုလာတိုက်တဲ့ မိစ္ဆာနဲ့ အဆင့်မတူဘူးနော်။ မိစ္ဆာတွေ ဒီလောက ကိုသွားတဲ့ချိန် ကိုယ်နည်းနည်း စိတ်ဝင်စားမိတာနဲ့ ဒီကိုလိုက်လာရင် ဘုရင်လေးကိုတွေ့ပြီး မြင်မြင်ချင်းသဘောကျလို့ လက်ထပ်ခွင့်တောင်းတာပါ။ ကိုယ်ကိုသာဘုရင်လေးလက်ထပ်မယ်ဆိုရင် ဘုရင်လေးဆန္ဒ အကုန်ဖြစ်စေရပါ့မယ်။ မိစ္ဆာတပ်ကိုလည်းရပ်တန့်ပေးပါ့မယ်။ "
ထိုစကားသံကြားတော့ဘုရင်ရဲ့မျက်နာကအေးစက်လာတယ်။ နောက်ပြီးဘုရင်လေးရဲ့ အညို့ဓာတ်ပြင်းတဲ့ မျက်လုံးတစ်စုံဟာ ထိုဝတ်နီနဲ့ကောင်လေးကို မီးလောင်ပြီးပြာကျသွားအောင်ထိကို စိုက်ကြည့်နေတယ်။ သူမဒေါသတွေ ဘယ်လောက်များသလဲဆို သူရဲ့လက်နဲ့ စာလွာတွေကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတာကိုမြင်ရင် သိနိုင်ပေမဲ့ နန်းတေယ်ထဲကဘယ်သူမှအဲ့တာကိုမမြင်မိပါဘူး။
ဘုရင်လေးဟာကြားသူတိုင်းအရိုထဲထိအေးခဲသွားလောက်တဲ့ထိအသံဖြင့်
" ငါကိုယ်ေတာ်တိုင်းပြည်က မင့်လိုမိစ္ဆာတစ်ကောင်ရဲ့အကူယူရအောင် ငါတိုလူသားတွေရဲ့အင့်အားကပျော့ညံတယ်လို့များထင်နေသလား"ထို့အသံကိုကြားတဲ့ဝတ်နီနဲ့ကောင်လေးကတော့ "အဲ့လိုမဆိုလိုပါဘူး။ ဘုရင်လေးကအရမ်းထပ်မြက်ပြီ အရမ်းကိုချောမောလှပတဲ့သူ မလို့ ကိုယ် ရင်ထဲ ထိ စွမ်းလမ်းမိလို့လာပြီးကမ်းလှမ်းတာပါ ဒါပေမဲ့ ဘုရင်လေးထပ်မြက်သလောက် လူသားဆိုတဲ့ အမျိုးကအရမ်းကိုပျော့ညံ့တယ်လေ။ ထာဝရ ရှင်သန်သူတွေက သူတို့ကိုသိုင်းကွက်တွေသင်ပေးထားတာတောင်မှ အခုထိ မိစ္ဆာတွေကို တောင့်ခံနိုင်ရုံဘဲရှိတာ မနိမ့်နင်းနိုင်သေးဘူးမလား ...."အထင်သေးပြီး ဂရုမစိုက်လိုတဲ့အသံနဲ့ ပြောလိုက်တယ်။
YOU ARE READING
Default Title - မိစ္ဆာလေးရဲ့ အချစ်တော်
Romanceမိစ္ဆာလေးရဲ့အချစ်တော် Review မိစ္ဆာဘုရင်မရဲ့လောကကြောင့်ဖြစ်တည်လာတဲ့တိုက်ပွဲ မိစ္ဆာတွေရဲ့ရက်စက်မှုကြောင့်ဖြစ်တည်လာတဲ့လူသားတွေရဲ့အမုန်း သေဆုံးသူရဲ့သွေးမြေကျရဲ့မြေကြီးသွေးရောင်ထိထခဲ့တဲ့ရက်တွေ သေဆုံးသူတွေတောင်လိုပုံပြီး ငိုကြွေးသူတွေရဲ့ငို့သံဟာကောင်းကင...