ကိုယ့်ကိုလက်ထပ်ပါ
ထိုမိစ္ဆာတွေရဲ့ရန်သူတွေကို ထာဝရရှင်သန်သူလို့လည်းခေါ်တယ်။ သူတို့ကလည်းလူသားဘဲ ကျင့်စဥ်ကြောင့် အဲ့လိုအစွမ်းထပ်နေခြင်းဖြစ်တယ် ။ သူတို့က ရာစုနှစ်ပေါင်းများစွာမှာ မိစ္ဆာတွေက အခုလို လူသားတွေကိုသတ်ဖြတ်ပြီး မိစ္ဆာလောက ကိုအခေါ် ခံရတဲ့သူတွေဘဲ ။ မိစ္ဆာလောက ကနေကြိုးစားရှင်သန်ရင် တစ်ယောက်တည်းသော် သူရဲ့ လမ်းညွန်မှုနဲ့ကျင့်စဥ်ကြောင့် သူတို့လည်းထာဝရ ရှင်သန်သူ ဖြစ်ခဲ့တယ်။ သူတို့က မိစ္ဆာတွေကို အချိန်ပြည့် စောင့်ကြည့်နေပြီ သူတို့ကိုတိုက်ဖို့ချောင်းနေတာ။ အခုလို သူတို့ရဲ့အရင်နေခဲ့တဲ့ ကမ္ဘာကို သွားတိုက်ခိုက်တာသိလို့လာကူတာ။ သူတို့ရဲ့ကျင့်စဥ်ကိုကျင့်တာ ကျွမ်းကျင့်ဖို့ အချိန်ပေးရပေမဲ့ အခုသူတို့ကိုယ်တိုင် ပူးပေါင်းတိုက်ပေးတယ်။ ဒါက လူသားတွေရဲ့အားဖြစ်ခဲ့တယ်။ ထာဝရရှင်သန်သူတွေနဲ့ ပူးပေါင်းတိုက်တယ်။ ခုခံနိုင်တာတွေရှိခဲ့တယ်။ မိစ္ဆာတွေကိုအထိနာအောင်တိုက်နိုင်ခဲ့တယ်။
ထိုလိုနွံ့ဆွဲသလို အနိုင်အရှုံးမကွဲ ပေမဲ့ မိစ္ဆာတွေသိမ်းပိုက်နိုင် ခဲ့တာတွေရှိခဲ့တယ် ။ ထိုစစ်က တစ်ခုတည်းသော် ကျွန်းရဲ့ အကြီးဆုံးနိုင်ငံရဲ့နယ်စပ်ကိုရောက်ရှိလာခဲ့တယ်။ ထိုနိုင်ငံရဲ့အရှင်သခင်ဟာ ဟွားချွမ်လို့ခေါ်တဲ့ ငယ်ရွယ် ထက်မြတ် ဘုရင် တစ်ပါးဖြစ်တယ်။ သူ့အသက် ၁၅လောက်ကတည်းက ထီနန်းကို အကိုတွေလက်ထဲက သိမ်းပိုက်နိုင်ခဲ့ သူဖြစ်သည့်အပြင် သူရဲ့ကျင့်စဥ်ကလည်းကောင်မွန်လှတယ်။ အခုလိုတိုင်းပြည်ကိုလာရောက်တိုက်တဲ့ မိစ္ဆာတွေကနယ် စပ်ကိုရောက်ပေမဲ့ သူမှာ အကြောက်တရားမရှိဘူး အဲ့ဒါအပြင် သူ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တယ်။ သူရဲ့ချစ်သော်သူကိုလုယူခဲ့တဲ့ထိုမိစ္ဆာတွေကို နည်းနည်းလေးမှမကျန်အောင်လက်စားချေမဲ့ဆိုတဲ့ စိတ်နဲ့ပေါ့။
သူကသန်မာသလိုဘဲ ထိုနယ်စပ်သာရောက်နေတဲ့မိစ္ဆာတွေကို သူရဲ့တိုင်းပြည်ကလူနဲ့ဘဲ မဟာမိတ်အဖွဲ့ စီကနေ အကူမပါဘဲ သူတိုင့်ပြည်ကို လာရောက် ကျူးကျော်တဲ့ သူတွေကို တိုက်ထုတ်နိုင်ခဲ့တယ်။ ဘယ်နစ်ကြိမ်မှန်းတောင်ရေတွက် လို့မရခဲ့ဘူး မိစ္ဆာတွေ တပ်ဆုပ်နေခဲ့ရတာ သူရဲ့ဓားအောက်က မိစ္ဆာတွေအသက်ပျောက်ခဲ့ရတာ ဘယ်နစ်ယောက်မှန်းမသိခဲ့ဘူး ။ သူ အသက် ၁၇လောက်မ မိစ္ဆာတွေစကျူးကျော်ပြီး တစ်နှစ်တောင် နေ့ည မပျက် တိုက်နိုင်ခဲ့တယ်။ သေချာပေါက် တစ်နှစ်ကြာအောင်တိုက်နိုင်တာလည်း မဟာမိတ်အဖွဲ့ရဲ့ တပ်ကူကြောင့်ပါ။ သူရဲ့ အစွမ်းကဘယ်လောက်ထက်လည်းဆိုတော့ မိစ္ဆာလောကရဲ့ ဘုရင်မပါ သူတိုင်းပြည့်အတွက် လာရောက်တိုက်လာတဲ့အထိဘဲ။
VOUS LISEZ
Default Title - မိစ္ဆာလေးရဲ့ အချစ်တော်
Roman d'amourမိစ္ဆာလေးရဲ့အချစ်တော် Review မိစ္ဆာဘုရင်မရဲ့လောကကြောင့်ဖြစ်တည်လာတဲ့တိုက်ပွဲ မိစ္ဆာတွေရဲ့ရက်စက်မှုကြောင့်ဖြစ်တည်လာတဲ့လူသားတွေရဲ့အမုန်း သေဆုံးသူရဲ့သွေးမြေကျရဲ့မြေကြီးသွေးရောင်ထိထခဲ့တဲ့ရက်တွေ သေဆုံးသူတွေတောင်လိုပုံပြီး ငိုကြွေးသူတွေရဲ့ငို့သံဟာကောင်းကင...