ယနေ့ကား ဝဿုန်ဦး၏မွေးနေ့ April 22 ရက်နေ့
ဝဿုန်ဦးအိမ်မှာတော့ လူတွေစုံလို့ရယ်ပါ
ဝဿုန်ရယ်
ဦးဇော်နိုင်ရယ်
ဒေါ်တွယ်တာနွယ် ရယ်
တစ်အိမ်လုံးရဲ့ ဗိုလ်လေး ရဲရင့်ရယ်
တလောကမှ အိမ်သန့်ရှင်းရေးတွက်ငှားထားတဲ့တစ်အိမ်ကျော်ပန်းရံလင်မယားနှစ်ယောက် နဲ့ သူတို့သားလေးရယ်
ဘုန်းကြီးဆွမ်းကပ်ဖို့အတွက် အိမ်ထဲမှာ ခြေချင်းလိမ်နေကြပါတယ်°°°°°
" မနက်ပိုင်းဘုန်းကြီးဆွမ်းကပ်ပြီးတည်းက အခုထိပြန်ရောက်မလာတော့ဘူး "" ဒါဆို ဒီကြာဇံကြော်ဘူးတွေကို ဘယ်သူလိုက်ပို့မှာလဲဟင် တီနွယ်"
ထိုအခိုက် အိမ်ထဲကို ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ခိုင်သဇင်။
" မဝဿုန်
" ဪ ခိုင် ဝင်ခဲ့လေ "
" လာ ခိုင် ဒီမှာခဏထိုင် "
" ဝဿုန်ကြာဇံကြော်ထည့်လာခဲ့ပေးမယ်"" ဪ နေပါစေ မ ဝဿုန်
ခိုင်က လက်ဆောင်လာပေးတာပါ
မနေ့ကမှမော်လမြိုင်ကပြန်ရောက်လို့ ဒီနေ့မှလာဖြစ်သွားတာ
မေမေကဒီနေ့ မဝဿုန်မွေးနေ့လို့ ပြောလို့ မော်လမြိုင်ကနေ လက်ဆောင်ဝယ်လာတာ "ခိုင်ကပြောလည်းပြော လက်ဆောင်အိတ်ကို ကမ်းလိုက်တော့
ဝဿုန်ဖွင့်ကြည့်မိလိုက်၏။" ဟယ် ပိတ်စလေးပဲ တီနွယ် ကြည့်ပါဦး လှလိုက်တာ "
ဝဿုန်မှာ ဘေးနားက အဒေါ်ဖြစ်သူကိုပါ ပြလိုက်တော့ ဝဿုန် သဘောကျမှန်း ခိုင်ရိပ်မိသွား၏။
"ဒါဆိုခိုင်ပြန်တော့မယ်နော် "
"နေပါဦး ခိုင်ရဲ့ ကြာဇံကြော်လေးစားသွားပါဦးလား "
"ဟင့်အင်း မမ မစားတော့ပါဘူး ခိုင်ပြန်တော့မယ်နော်"
"ဟယ် အဲလိုဆို အိမ်ဖို့ယူသွားလိုက်လေခိုင်"အမှန်တော့ခိုင်မစားချင်သည့် အကြောင်းရင်းမှာ
အားနာလို့မဟုတ်ပဲ မသတီ၍ကြောင့်ဖြစ်သည်
ငြင်းမရတဲ့အဆုံးမှ ယူသွားမယ်လုပ်တာကိုပဲကြည့်လေ"ဟယ်ဘူးတွေ အများကြီး ပဲ "
မဆီမဆိုင် အိမ်ရှေ့မှာမနေပဲ မီးဖိုချောင် ထဲထိ ဝင်လာတဲ့သူမ
"ဟုတ်တယ်ခိုင်ရဲ့ ဘာဖြစ်လို့လဲ"
"ဟို ဒီဘူးတွေအများကြီးက ဘာလုပ်ဖို့လဲ ဟင် မဝဿုန် "
"ဪ အဲဒါက တီနွယ်က လမ်းထဲက အိမ်တွေကိုပါ ဝေပေးဖို့တဲ့""ခိုင်ကဒီလမ်းထဲ ရောက်တာကြာပြီလားသမီး"
ဘယ်ချိန်မီးဖိုချောင်ထဲ ရောက်နေမှန်းမသိတဲ့ တီနွယ်က မေးလိုက်မှ
လန့်သလိုမျိုး တုန်တက်သွားပြီး အိန္ဒြေပြန်ထိမ်းပြီးမှ"ကြာပြီဆို သုံးနှစ်လောက်ရှိမယ်ထင်တယ် "
"ဘာဖြစ်လို့လဲ တီနွယ် "
"ဘာမှတော့မဖြစ်ပါဘူး သမီးရယ်"
"အဆင်ပြေရင် သမီးလေးဝဿုန်နဲ့အတူတူ ဒီဘူးတွေ လိုက်ဝေပေးပါလား မွေးနေ့ရှင်ကိုယ်တိုင် လိုက်လှူတာပိုကောင်းပေမယ့် သမီးလေးက ဘယ်သူနဲ့မှမသိတော့ အဆင်မပြေမှာဆိုးလို့ပါ အန်တီလိုက်ပြန်တော့လည်း အိမ်မှာ သား လေးတစ်ယောက်တည်းကျန်ခဲ့မှာဆိုတော့"မစပ်စုသင့်တဲ့အရာကိုမစပ်စုရမှန်း အခုမှသိပြီ
"ဟုတ်...ဟုတ် တီနွယ်
သ..မီး..လိုက်..ပေး..မယ်..လေ.."မချိုမချဥ်မျက်နှာထားဖြင့် ဝဿုန်နောက်ကို ပါဆယ်ဘူး ( စောနက ကြာဇံကြော် ထည့်တဲ့ဘူး ) တွေကို မနိုင်မနင်းသယ်ရင်း လိုက်သွား၏။
°°°°°
ဖြောက်......... ဖြောက်........ ဖြောက်......... ဖြောက်.........
"ခိုင်ဘယ်နအိမ်ကျန်သေးလဲ မိုးတွေရွာလာပြီ"
မိုးရေထဲ ပြေးလွှားနေရင်း မေးနေတဲ့ဝဿုန်ဦး ။"တအိမ်ပဲ ကျန်တော့တယ် မဝဿုန် ဟိုးရှေ့နားက မုန့်ဆိုင် "
"ဟင် မုန့်ဆိုင်ထပ်ရှိသေးတာလား ခိုင်"
"ဝဿုန်က ခိုင်တို့တဆိုင်ပဲ ရှိတယ်မှတ်နေတာ "
"မဟုတ်ဘူး မဝဿုန် ရှိသေးတယ် အိမ်ဆိုင်မို့မမြင်တာဖြစ်မယ်"မိုးရေထဲ ပြေးရင်းလွှားရင်း တစ်ယောက်စကားကြားအောင် အော်ပြောနေတဲ့ မထီမယ်လေးနှစ်ယောက် ။
"ဆိုင်ရှင်တို့ ဆိုင်ရှင်တို့"
"....."
"ဆိုင်ရှင်တို့ ဆိုင်ရှင်တို့ "
"....."
"ခိုင်လူရောရှိလို့လား
မကြားလည်း ပြန်ရအောင် မိုးကတော်တော်သည်းလာပြီ နော်"
"ရှိမှာပါ "Sun shade ပေါ်က မိုးရေစက်တွေ ကျနေတဲ့ အောက်အဝင်အဝလေးမှာရပ်နေတဲ့သူတို့နှစ်ဦး ။
မိုးရေတွေကတော့ တဖြောက်ဖြောက်ဖြင့်ကျနေဆဲ
ထိုအခိုက်"ဘာယူချင်လို့လဲ ခဗျ "
ရိုကြိုးစွာမေးနေကြောင်း သာသိလှတဲ့ လေယူလေသိမ်း။
မသေမသပ် ကျနေသော ဆံစများနှင့်
အိပ်မှုန်စုံဖွားထလာတဲ့ ကောင်ငယ်လေး ။''' အကယ်၍
ဝဿုန်ဦးသာ
သူ့ကိုပြန်မတွေ့ခဲ့လျှင် '''စာရေးသူအမှာစာ :: ongoing လေးဆိုပေမယ့် မနည်းအားတင်းပြီး ရေးနေတာ 🤧
ဖတ်တဲ့သူလည်းမရှိတော့ စိတ်အားငယ်ငယ်မိတယ် 😿
နောက်အပိုင်းမှာပြန်တွေ့မယ်နော် ☃🖤
YOU ARE READING
အမည်ဖော်၍မရသော: မိုး
Romance** အချစ်ကသိပ်ထူးဆန်းတယ် တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံချင်း မတူဘူး တချို့က အေးမြတယ် တချို့ကပူလောင်တယ် တချို့ကလွမ်းဆွေးရတယ် ** ** ခံစားရပုံချင်း မတူသလို ဖြစ်ပေါ်လာပုံ့ခြင်းလည်း မတူဘူးပေါ့ ကျွန်မတွေ့ခဲ့တဲ့ အချစ်က တော့ သိပ်ထူးဆန်းတယ် သိပ်လည်းရိုး...