" ဘာယူချင်လို့လဲ ခဗျ "
နောက်တစ်ခေါက်မေးနေတာတောင် ဝဿုန် သတိမဝင်သေး ။
ခိုင်က တံတောင်နဲ့ တချက်လှမ်းထိုးလိုက်ခါမှ"ဟို......ဟို..ဟို.လေ...."
"ခဗျာ............."
"ဪ မုန့် လာ ပို့တာပါ"
"ဟုတ်......ကဲ့ ခဗျ "
"ဒီနေ့က ဝဿုန်မွေးနေ့မို့လို့"
"မုန့်လာပို့တာပါ"
မလှမ်းသေးသော ဘူးကို အလိုက်တသိ သူကပဲ လှမ်းယူလိုက်၏။
"ကျေးဇူးပါခဗျ "
"ဟုတ်....... ...ဟုတ်..ဟုတ်ကဲ့"
"ပြန်ခွင့်ပြုပါဦး"ဆိုင်မှလှည့်ထွက်မယ်လုပ်ပေမယ့် မိုးကတော့အသည်းအသန်ရွာဆဲ
ခိုင်ကတော့မိုးရေထဲမပြေးချင် လိုက်ပေးတာတင် တန်ကုန်နေပြီ ။"ဒီတိုင်းလာကြတာလား"
ထိုကောင်လေးမှမေးလိုက်သောအခါမဆိုင်းမတွနဲ့
ပြန်ဖြေတာက ဝဿုန်ဦး...."ဟုတ်ကဲ့ ရှင့် မပါဘူး"
"ဒါဆိုထီးယူသွားလိုက်ပါလား "
"ထီးအပိုရှိတယ် "
ပြောရင်းဆိုင်ထဲဝင်သွားတဲ့ သူ ( ကောင်လေး ) ။ခဏအကြာ ~~
အဖြူရောင် ထီးလေးတချောင်းကိုင်ကာထွက်လာသော
သူ ( ကောင်လေး ) အားမြင်လိုက်ရ၏။
" ခိုင်သဇင် ရော"
"ပြန်သွားတယ် "
"အမကရော "
"ထီး......"
"ဪ ကြာသွားတယ်ဗျ တောင်းပန်ပါတယ် စိတ်မရှိပါနဲ့"
"ရပါတယ် ထီးငှားပေးတာ ကျေးဇူး နောက်နေ့ပြန်ပေးမယ်နော်"
"ဟုတ်ကဲ့ ခဗျ"မညီမညာလှသော မြေညီလမ်းထက်မှာတော့ မညီမညာသော ရင်ခုန်သံတွေအစပျိုးခဲ့ပြီ ဆိုတာ ကာယကံရှင်မှအပ မည်သူသိနိုင်မည်နည်း ။
°°°°°
ဧည့်ခန်းထဲမှာ တီနွယ်တစ်ယောက် ဝဿုန်ခေါင်းက နွယ်ပင်လေးတွေကို ခြောက်အောင်သုတ်ပေးနေတယ်
"တီနွယ် ရဲရင့်လေးရော"
"အိပ်သွားပြီ သမီးရဲ့"
"ဪ မိုးအေးလို့ထင်တယ် "
"အင်း သမီးရော မိုးမအေးဘူးလား"
"အေးတာပေါ့ တီနွယ်ရဲ့"
"အဲဒါများ ဘာလို့မိုးရေစိုခံပြီးဆက်သွားသေးလဲ ပြန်လာလိုက်တာ မဟုတ်ဘူးကွယ် သမီးဖျားရင်တော့ သမီးဖေဖေ ကိုဇော်နိုင်က တီနွယ်ကို ဆူနေပါဦးမယ်"
"မပူပါနဲ့ တီနွယ်ရယ်
ဒီနေ့ဖေဖေက အောက်ကိုဆင်းသွားတယ်"
( မြန်မာပြည်အောက်ပိုင်း ရန်ကုန် / မော်လမြိုင်တို့ကို တခါတစ်ရံအောက်ဟုခေါ်ကြသည် )
"ဟုတ်လား တီနွယ်ကို ဘာမှပြောမသွားဘူး"
"အရင်တုန်းကရောပြောဖူးလို့လား"
YOU ARE READING
အမည်ဖော်၍မရသော: မိုး
Romance** အချစ်ကသိပ်ထူးဆန်းတယ် တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံချင်း မတူဘူး တချို့က အေးမြတယ် တချို့ကပူလောင်တယ် တချို့ကလွမ်းဆွေးရတယ် ** ** ခံစားရပုံချင်း မတူသလို ဖြစ်ပေါ်လာပုံ့ခြင်းလည်း မတူဘူးပေါ့ ကျွန်မတွေ့ခဲ့တဲ့ အချစ်က တော့ သိပ်ထူးဆန်းတယ် သိပ်လည်းရိုး...