မိုး { 5 }

48 4 2
                                    

တနင်္ဂနွေနေ့ရဲ့ မနက်ခင်းဟာတော့ သာယာမြဲ ။
လူအလိုကိုသာ နတ်လိုက်နိုင်မယ် နတ်အလို လူမလိုက်နိုင်ဘူး ။
တနေ့လုပ်တနေ့စား အလုပ်သမားတွေအတွက်ကတော့ တနင်္ဂနွေ နေ့ဟာ ခါးသီးလှတယ် ။
အလုပ်မရှိတဲ့ တင်တင်မြ တစ်ယောက် ဝဿုန်အိမ်ကို ရောက်လာကြပါတယ် နေ့စားသဘောမဟုတ်ပဲ ပုဒ်ပြတ်ငှားထားတာကြောင့်ပင်
"မမနွယ်ရေ မမနွယ်"
"တီနွယ်ရှိတယ် အန်တီ ဝင်ခဲ့လိုက်လေ"
အလုပ်သမားတယောက်အနေနဲ့ အလုပ်ရှင်မခေါ်ပဲ အလုပ်ထဲလာရတာ ရှိန်တယ်မဟုတ်လား ဝဿုန်က ထက်မြက်တဲ့မိန်းကလေးလို့ မပြောရဘူး ဒါကို အလိုက်သိတယ် ဧည့်ခန်းထဲက ထွက်လာမှ တင်တင်မြတစ်ယောက်လည်း လိုက်ဝင်၏။

"တီနွယ် ရေ ဒီမှာ အန်တီတင်တင်မြလာတယ်"

ကိုယ့်ထက် အဆင့်အတန်းနိမ့်ပါးပေမယ့် ရိုရိုသေသေ
ဆက်ဆံတတ်တာလဲ ဝဿုန်ရဲ့ မြတ်နိုးစရာ အကျင့်လေးပါပဲ ။
ဝဿုန်အသံ ကြားခါမှ မီးဖိုချောင်ထဲက ထွက်လာခဲ့တဲ့ ဒေါ်တွယ်တာနွယ်
"မမနွယ် ကျွန်မကိုခေါ်တယ်လို့ အောင်စိုး ပြောလို့ပါ "
"အေးဟုတ်တယ် ခြံထဲက အမှိုက်တွေနဲ့ မြက်ပင်တွေကိုရှင်းဖို့ လူလိုနေလို့လေ ဘာရယ်တော့မဟုတ်ပါဘူး ဝဿုန်က မြေအောင်းသတ္တဝါဆို ကြောက်တတ်လို့ အဲဒါကြောင့် "
"ဪ ဟုတ်တာပေါ့ မိန်းမသားတွေနေတဲ့အိမ်ဆိုတော့လည်း"
"အေးကွယ် လိုအပ်တဲ့ ပစ္စည်းတွေကို ခြံထဲမှာထားပြီးသွားပြီ "
"ဟုတ်မမနွယ် ဟုတ် ဟုတ်"
ပြောရင်းဆိုရင်း ခါးလေးကိုင်းကာ ထွက်သွားတဲ့ တင်တင်မြကိုကြည့်ရင်း ဝဿုန်စိတ်မကောင်းဖြစ်မိတာအမှန် ။

°°°°°
ညနေခင်း ရဲ့ နေဝင်ချိန်ဟာ လှပပါတယ် ။
ဒါကြောင့်လည်း လူတွေက နေဝင်ချိနိကို စောင့်ပြီး ကြည့်ရတာပေါ့။
ညနေခင်း နေရောင်ဟာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ရှိလာပြီး ခြံထဲမှာပင် အိမ်အရိပ်က ကျလို့နေပါပြီ ။
အေးချမ်းတယ်ပဲပြောရမလား ။
တိတ်ဆိတ်တယ်ပဲ ပြောရမလား ။
ပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုဟာ အံမခန်းလိလိပင် ။
ခြံထဲမှာ ရဲရင့်လေးနဲ့ ဝဿုန်ဟာတော့ ပြေးလွှားဆော့ကစားနေတာ
ဤကမ္ဘာမှာသူတို့နှစ်ယောက်တည်းရှိတယ်ထင်ပါရဲ့
မေတ္တာငတ်မွတ်နေရှာတဲ့ ဝဿုန်လေးဟာ ရဲရင့်လေးနဲ့ဆိုရယ်မောမြဲ။

"ကဲ ဖမ်းတော့မယ်နော်"
"ဟီးးးဟီးးးးဟီးးးးးးး"
"လာခဲ့ မိသွားပြီ "
"ကလိ ကလိ "
"ဟားးးးးးးးးး"
"ယားတယ် "
"သမီး ဝဿုန် အန်တီတင် ပြန်တော့မယ်နော် "
"ဟုတ်အန်တီ "
"ဝဿုန်ပွဲစျေးမသွားဘူးလား"
"ဟင် ပွဲစျေးရှိတာလား "
"အင်းလေ အယ် နည်းနည်းတော့ဝေးတယ် မြို့ထဲမှာ"
"ဟင် လူတွေအများကြီးလာမှာလား "
"မနေ့ကတော့ စည်တယ်ပြောတယ်"
ဝဿုန်သွားမလို့လား"
"လူတွေအများကြီးဆို ဝဿုန်မသွားရဲလို့ "
"သိပ်လည်းမများလောက်ပါဘူး"
"ဝဿုန်သွားမယ်ဆို ခိုင်သဇင်ကိုခေါ်သွားလိုက်လေ
သူလည်းသွားမယ်ကြားတယ် အိမ်ထဲမှာကြီးပဲ နေနေတာ အပြင်လေးလျှောက်လည်ကြည့်ပေါ့"
"ဟုတ်ကဲ့  အန်တီ တီနွယ် ကိုပြောကြည့်လိုက်ပ့မယ် "

°°°°°

ခိုင်က အတင်းခေါ်လို့သာ လိုက်ခဲ့တာ တီနွယ်နဲ့ လူစုကွဲမှာဆိုးလို့လည်း ကြည့်နေရသေး ပွဲစျေးမဟုတ်ပဲ ပန်းခြံဖြစ်နေတယ် ။
အမှတ်တရပစ္စည်းအရောင်းဆိုင်တွေနဲ့ သစ်သားထိုင်ခုံးလေးတွေကတော့ ပန်းခြံထဲ လမ်းလျှောက်ထွက်လာသူတွေကို ဆွဲဆောင်လို့နေပါတယ်။

"မဝဿုန်လာ ဟိုနားသွားကြည့်ရအောင်"
ဝဿုန်မှာ ခိုင်ဆွဲတဲ့နောက်ကောက်ကောက်ပါအောင် ပါသွားခဲ့၏။
ခန္ဓာကိုယ် အချိုးစားခြင်း လည်း ကွာသည်မဟုတ်လား ။
လူတွေများသထက်များလာ၏

°°°°°
ဝဿုန်ဦးဘယ်ရောက်နေမှန်း မမှတ်မိတော့ချေ။

"တီနွယ်.... တီနွယ်ရေ..........."
"ခိုင်....... ခိုင့်... ခိုင်........"
ဝဿုန်ဦး၏ မျက်ဝန်းအိမ်ထဲမှာ ကြောက်စိတ်များအား
အတိုင်းသားမြင်နေရ၏။
"ဖြောက်........ဖြောက်........ဖြောက်........."
ခဏတွင်းတိတ်ဆိတ်ငြိမ်သက်သွားတဲ့ ပန်းခြံထဲက
ကျောက်တန်းစီ လမ်းလေးထက်မှာတော့ ကျုံ့ကျုံ့ဒူးနှစ်ချောင်းထဲ ခေါင်းခိုက်ကာ ငိုနေတဲ့ ကောင်မလေး ဝဿုန်ဦး တယောက်တည်းသာ ကျန်ခဲ့၏။

"ဟိတ် မင်းနာမည် ဝဿုန်ဦးမလား"

ဝဿုန်၏ ခေါင်းပေါ်ကျလာသော ထီးအနီရောင်လေး ။
ဝဿုန်ဦး ခေါင်းလေးဖော်ကာ မော့ကြည့်လိုက်သောအခါ
သူမအား မိုးရေဆိုခံပြီး ထီးဆောင်းပေးနေသော ကောင်လေးတစ်ယောက် ။

စာရေးသူအမှာစာ -- ခုတလော up ချိန်လေးပုံမှန်မဖြစ်လောက်ဘူး ။ ခွန်းလည်းအလုပ်လေးနည်းနည်းများနေတာရယ် ။
online တွေကြောင့်ရယ် ဆိုတော့ ဒါပေမယ့် ခွန်း ကြိုးစားပြီး upပေးပါ့မယ် 🥺🖤

အမည်ဖော်၍မရသော:  မိုး Where stories live. Discover now