✨Part 7✨

1.7K 85 0
                                    

Unicode
✨Mr. Gentleman ✨
       ✨part 7 ✨
__________________________________

" Daddy ရှင်း နောက်တစ်ခါမလုပ်တော့ ဘူးလေ နော် "

ငိုယိုပြီးတောင်းပန်နေသောကောင်လေးကြောင့် ဦးဒေါင်းရပ်လိုက်သည် ။

" မရဘူး လိုက်ခဲ့! !"

Daddy ဘယ်ကိုခေါ်သွားမလဲ ဆိုတာ ရှင်းသိပါသည် ။
မှောင်မည်းပြီး နေ့နဲ့ ညတောင် မသိနိုင်တဲ့ အခန်းကျဥ်းလေ း ။
ရှင်း တစ်ခါ ရောက်ဖူး၍ ရှသ်းသိ၏ ။
ထိုအခန်းထဲမှာ နေရမှာ ရှင်းသေလောက်အောင်ကြောက်ပါသည် ။

" အင်းဟင်းးး မသွားဘူး နော်....Daddy. .. ရှင်းမှားပါပြီလို့...... နောက်တစ်ခါ မလုပ်တော့ ပါဘူးလို့ "

" သိပ်ကို နောက်ကျသွားပြီး ကလေး ဟားဟား "

ယခု Daddy က တခြားလူတစ်ယောက် လို ရှင်းအားပြောနေသည် ။
ဘယ်လိုလုပ်ရမလဲ ။
နောက်ဆုံးရှင်းကြောက် လှပါပြီဆိုသည့် မြေအောက်ခန်းထဲမှ အခန်းထဲ ကို ရှင်းရောက်သွားပါသည် ။

" ဘုန်းဘုန်ဘုန်း "

တံခါစကို လက်ဖြင့် အကြိမ်ပေါင်းများစွာထုရိုက်သောလည်း Daddy ထံမှ ဘာစကားမှ မထွက်လာခဲ့ပေ ။

" Daddy ရေ...ရှင်း...ကို ဒီအခန်းထဲမှာ မထားပါနဲ့ဗျာ.... "

ဦးဒေါင်းတစ်ယောက် ရှင်း၏အသံတွေ ကြားပေမယ့်လည်း ဥပေက္ခာ ပြုထားလိုက်သည် ။
တော်သေးသည် ။ ဒီကလေး မမြင်သင့်တာတွေ မြင်ခဲ့ လျှင် ကိုယ့်ကို ထားသွားမှာ ။

ဦးဒေါင်းတစ်ယောက် မြေအောက်ခန်းမှ တက်လာပြီး အပေါ်ဆုံးထပ်သို့ တက်လာခဲ့ လိုက်၏ ။
အပေါ်ဆုံးထပ်ရှိ ဆိုဖာပေါ်တွင်ခြေ ချိတ်ပြီး ထိုင်ကာ အပြင်းစားဆေးလိပ်တစ်လိပ်ကိုလည်း ဖွာနေသည် ။

သူသည် ဖုန်းတစ်ခုကိုခေါ်လိုက်ပြီး

" လွန်ခဲ့တဲ့ ၁၅ နှစ် က ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲမှုနဲ့သက်ဆိုင်သည့် လူတွေစာရင် အကုန်လိုချင်တယ် "

ထို့နောက် ဖုန်းကို ချပြီး ပြတင်းပေါက်မှ တစ်ဆင့်ခြံထဲရှိ အိမ်တွေ အားလုံးကို ကြည့်နေလေသည် ။. ယခု အိမ် ၃ အိမ်ပဲ ကျန်တော့ သည် ။

MR. GENTLEMAN ( Uni & Zaw)  Tempat cerita menjadi hidup. Temukan sekarang