Part-1

33 5 0
                                    


Unicode

ခမ်းနားလှတဲ့ အိမ်ကြီးတစ်အိမ်၌

"ဟဲ့ ကင်မ်ဆော့ဂျင် နင်အဲ့မနက်စာလုပ်နေ မပြီး နိုင်တော့ဘူးလား ဟမ်"

"ပြီးတော့မယ် ဒေါ်လေး "

"မြန်မြန်လုပ် ဒီမှာ ငါတို့ဗိုက်ဆာ နေပြီ"

"သဲ ရယ် အရမ်းအော်မနေပါနဲ့ သဲ အသံတွေဝင်ကုန်အုံးမယ် အဲ့ကောင်အတွက် အသံဝင်မခံနဲ့"

"ကင်ဆော့ဂျင်ရေ !!!!!!!"

"ပြီးပြီ ဒေါ်လေးပြီးပြီ"

ထို့နောက် ဆော့ဂျင်တစ်ယောက် သူလုပ်ထားတဲ့မနက်စာ များကို စားပွဲပေါ်သို့ ခင်းကျင်းပေးပြီးနောက်

"ဂျီယွန်း အတွက် ထမင်းချိုင့် လုပ်ပေးအုံး"

"ဒေါ်လေး တက္ကသိုလ်က ပြန်ဖွင့်နေပြီလား"

"ကင်မ်ဆော့ဂျင် နင့်ကိုနင်ဘာများမှတ်နေလို့ ငါ့ကို စောဒကတွေတက်နေတာလည်းဟမ် ဘယ်ကတည်းက အဲ့လို အရစ်ရှည်သွားတာလည်း ငါဒါပြောရင် ပြောတဲ့အတိုင်းလုပ်လိုက်ပေါ့"

"ဟုတ်ကဲ့ ဒေါ်လေး ဒါပေမယ့်"

"ဟဲ့ ငါခုနက ပြောတာ နင်မကြားဘူးလား"

"ကြားပါတယ် ဒေါ်လေး မမ အတွက် ထမင်းချိုင့်လုပ်ပေး ဖို့က ဘာမှမရှိတော့ဘူး "

"မရှိရင် သွားဝယ်လေ"

"သွားဝယ်ဖို့က ကျတော်တို့နားက ကုန်တိုက် ဒီချိန်မဖွင့်သေးဘူးလေ ဖွင့်တဲ့ ကုန်တိုက်က အဝေးကြီးမှာ busကားတွေလည်း ဒီချိန်မထွက်သေးဘူးလေ"

ဂျောင်ဂျီအွန်း တစ်ယောက် ပြန်ပြောဖို့အပြင်

"busကားမထွက်သေးရင် မင်းလမ်းလျှောက်သွားလို့ ရတာပဲလေ "

ဂျောင်ဂျီအွန်း ခင်ပွန်းဖြစ်သူ ဂျောင်ဒိုယော့မှ ဝင်ပြောလိုက်ခြင်း

"ဒါပေမယ့် အဲ့က"

"လျှာမရှည်နဲ့ နင်ငါ့ယောက်ျားပြောတာ ကြားတယ်မလား လမ်းလျှောက်သွား ငါ့သမီး ထမင်းချိုင့်မမှီရင် နင်သေမယ်နော် 8နာရီ အရောက်ပြန်လာခဲ့"

"ဟုတ်ကဲ့"

ဆော့ဂျင်တစ်ယောက် အိမ်မှာ ခပ်သုတ်သုတ်နဲ့ ထွက်လာခဲ့သည် သူပါးစပ်ကနေသာ ဟုတ်ကဲ့ပြောလိုက်ပေမယ့် သူသွားရမှာက busကားနဲ့ဆိုရင်တောင် အသွားအပြန်နာရီဝက်ကြာတဲ့ နေရာကို မိနစ်၄၀နဲ့သူလမ်းလျှောက်ပြီး သွားရမှာ မလွယ်ပေမယ့် ဖြစ်အောင်တော့ လုပ်ရမှာပဲလေ မဟုတ်ရင် ဒီနေ့အဖို့ သူ့အတွက် မတွေးရဲစရာ ဖြစ်သွားနိုင်သည်

My Love {Namjin}Where stories live. Discover now