ယွန်းဂီတစ်ယောက် လက်ထဲက ကော်ဖီခွက်ကို အသာချလိုက်ကာ ရှေ့က ကိုယ်တော်ကို ဘုကြည့်ကြည့်မိနေသည်။ မနက်အစောကြီး ပျင်းတယ်ဆိုပြီး ဖုန်းဆက်လည်းပြီး ရောက်လာတော့လည်း Cafeမှာ ဘာမှမပြောပဲ အရှေ့က ကော်ဖီခွက်ကိုပဲ ကြည့်နေတဲ့ ကင်မ်နမ်ဂျွန်းကို သူသိပ်တော့ကြည့်မရတော့
"ဟိတ်ကောင် နမ်ဂျွန်း"
"......"
"နမ်ဂျွန်း?"
"......."
"နမ်ဂျွန်း??!"
"....."
"ကင်မ် နမ် ဂျွန်း!"
"......"
"ရားးးးးးးးကင်မ်နမ်ဂျွန်း!!!!!!"
"လန့်တာ လဒရယ် မင်းနဲ့ငါနီးနီးလေးကို ဘာလို့ အဲ့လောက်အော်နေတာလည်း တိုးတိုးသာသာ ခေါ်စမ်းပါ"
"F*ck ခေါ်နေတော့ရောကြားလို့လား ပျင်းတယ် ဆိုပြီး ခေါ်ထားပြီး Cafeမှာ ဒီတိုင်းထိုင်ခိုင်းနေတယ် ဘောဟေ့ဘော"
မင်ယွန်းဂီဆိုသည်မှာ အဲ့သလို အဆဲမပါရင်မပြီး ဒီမှာ သူများအတွေးလေးတောင် သူ့ကြောင့်ဘယ်ရောက်ကုန်ပြီလည်းမသိ
"မင်းကလည်းကွာ"
"နေပါဦး ငါမေးပါအုံးမယ် ရောက်ကတည်းက အဲ့ကော်ဖီခွက်ပဲ ထိုင်ကြည့်နေ ဘာဖြစ်နေတာတုန်း "
" ဒါနဲ့ မြင်မြင်ခြင်း အချစ်ဆိုတာ မင်းယုံလား"
"လုံးဝပဲ ခုမှ မြင်ဖူးတဲ့လူကို ချစ်သွားဖို့တာ လုံးဝကို မဖြစ်နိုင်တာ နောက်တော့ အဲ့အချစ်ဆိုတာကြီးကလည်း စောက်ရေးမပါတဲ့ဟာကြီးပါကွာ"
"မင်းလိုသာ တလောကလုံးဖြစ်နေရင် လူဆိုတာ ရှိတော့မှာကို မဟုတ်ဘူး"
"မရှိလေကောင်းလေပဲ အိမ်က ကျေးဇူးရှင်ကြီးနဲ့ လဒမကိုတောင် စိတ်ကုန်တယ်"
"ပြောပြန်ပြီ လဒမ လဒမ နဲ့ ထိရင်မခံတဲ့ကောင်ကများ"
"သောက်ပေါက်ပိတ်နေ"
"ယောက်ဖ ကြီးကလည်းကွာ အေးဆေးပေါ့"
"ကင်မ်နမ်ဂျွန်း မသေချင် အေးဆေးနေလိုက်!"
လေသံအေးစက်လာပြီမို့ ကင်မ်နမ်ဂျွန်း တစ်ယောက်ထပ်မစရဲ ဒီကောင်က သူ့ညီမနဲ့သာ မတည့်တာ တစ်စက်မှ အထိခံတာမဟုတ်ဘူး တော်ကြာ သူ့လက်ချက်နဲ့ ဂန့်သွားလို့ သူ့အဖြူရောင်အရိပ်လေး သူ့အချစ်လေးနဲ့ မညားရပဲဖြစ်သွားအုံးမယ်
![](https://img.wattpad.com/cover/301508946-288-k940378.jpg)