ဖက်တွယ်ထားပီးမှခက်ခက်ခဲခဲဖြုတ်ချလိုက်ရတဲ့ လက်တစ်စုံဟာ မင်းပဲ

3 1 0
                                    

ရန်ဖြစ်တဲ့ညတွေဆို ကတ္တရာလမ်းဘေးမှာ
ယောက်ကျားကြီးတန်မဲ့ အော်ဟစ်ငိုကြွေးခဲ့ဘူးတယ် ဘယ်အရာတွေကမှားနေလို့လည်း
ကိုယ်ပေးတဲ့ဂရုစိုက်မှုတွေကပဲ
စောက်သုံးမကျခဲ့လို့လား

ဘာပြဿနာပဲဖြစ်ဖြစ် ငါ့ခေါင်းပေါ်ကိုပဲ
အမြဲပုံချတက်တယ် မိုးတွေသည်းတဲ့ညတွေ
မှာတောင်မာနတွေနဲ့ဖြတ်သန်းခဲ့ကြရတယ်
တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာ
နွေးထွေးစေဖို့မဟုတ်လား  ကျွန်တော်တို့က
မျက်ရည်တွေနဲ့ပူလောင်နေကြရတာလေ

ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချဖို့
အမှတ်တရတွေ  ပျော်စရာအဖြစ်အပျက်တွေ
နှစ်ယောက်အတူဖြတ်သန်းခဲ့ကြတဲ့
အချိန်တွေကို  မေ့ပစ်ဖို့ နာရီပေါင်းများစွာ
အချိန်ယူပီး စဥ်းစားခဲ့ရတယ်

ချစ်လို့လက်တွဲခဲ့ကြမှတော့
ဘယ်သူကကွဲချင်မှာလည်း
ပေါင်းဖက်ချင်ကြတာပဲလေ
မချစ်ခဲ့လို့လွဲသွားတဲ့အထဲမှာ
ကျွန်တော်တို့အတွဲလည်းပါတယ်လို့
သက်မှတ်ပေးပါ

ကျွန်တော်ကချစ်ပီး
ကျွန်နော်ကိုမချစ်သောလက်များနဲ့ဝေးပါရစေ။

#ငပြည့်

shot flimWhere stories live. Discover now