ချစ်ရပါသော နွယ်

5 1 0
                                    

(၁)

''လူတစ်ယောက်စီက အချစ်ကိုတစ်ဇွတ်ထိုး
လုပ်ယူလို့မရဘူး ကိုပြည့်ရဲ့´´

အဲ့အသံကိုနားထဲမှာခပ်ဆက်ဆက်ကြား
ယောင်ရင်း အိပ်မက်ကလန့်နိုးလာခဲ့တယ်
ညကသောက်ထားတဲ့ အရက်အရှိန်ကြောင့်
လူကပုံမှန်မဟုတ်ပေမယ့် နွယ့်ကိုအိပ်မက်
ထဲမှာ တွေ့မိတာတော့အမှန်တကယ်ပဲ

ကိုယ်အရမ်းချစ်တဲ့လူတစ်ယောက်စီက
ကိုယ့်ကိုပြန်ချစ်မခံရတဲ့ခံစားမှု
ကိုယ့်ကိုအလေးပေးမခံရတဲ့နာကျင်မှု
အစိတ်အစိတ်အမွှာမွှာကွဲကြေသွားတဲ့
နှလုံးသားတစ်ခု
နွယ့်ကို စွန့်လွတ်လိုက်ပီးတဲ့နောက်
ကိုယ့်မှာဆုံးရှုံးစရာဘာမှထပ်မရှိတော့ဘူး  နွယ်။

ကိုယ့်အသက်ထက်ချစ်ရတဲ့သူနဲ့
ချစ်သူဖြစ်ခွင့်မရှိတောင် ချစ်နေရရုံနဲ့
ပြည့်စုံသတဲ့လား
ကိုယ်လည်းအဲ့လိုထင်ခဲ့ပေမယ့်
မပြည့်စုံခဲ့ဘူး နွယ်

ပိုင်ဆိုင်ချင်တဲ့အတ္တတွေကပဲ
ကိုယ့်ကိုမုန်းတီးစေခဲ့တာလား ဒါမှမဟုတ်
အရက်တွေကြောင့်လား
စီးကရက်တွေကြောင့်လား

နွယ့်စီကဥပေက္ခာတွေ ထိုးကျွေးခံရလို့
အရက်တွေသောက်တဲ့ညဆိုတာဖြစ်လာတာ
ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်အပေါ်ကို ဂရုစိုက်ချစ်ပြခဲ့လို့ စီးကရက်တွေရှိုက်
တက်ခဲ့တာ မကောင်းတာပဲဖြစ်ဖြစ်
ကောင်းတာပဲဖြစ်ဖြစ် အရာရာက
နွယ့်ကြောင့်ပဲဖြစ်လာခဲ့တာ

တစ်ခြားတစ်ယောက်ဘဝထဲမှာ
ကျရောက်နေတဲ့အလင်းတန်းကို
အမှောက်ထဲကရပ်ပီး ငေးကြည့်နေရုံကလွှဲ
ကိုယ်ဘာမှမရခဲ့ပေမယ့်
အမှတ်တရတွေကြောင့်
သတိရနေမိတယ်
နွယ်

#ငပြည့်

#ငပြည့်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
shot flimWhere stories live. Discover now