ချစ်ရပါသော နွယ်

1 1 0
                                    

မထင်မှတ်ပဲ friend requestsထဲကို
နွယ်ဆိုတဲ့နမည်နဲ့လာအပ်ထားတာတွေ့တယ်
အရင်းနှီးဆုံးသူစိမ်းတစ်ယောက်အနေနဲ့
ဒုတိယအကြိမ် ပြန်တွေ့ရခြင်းပဲ

ဓာတ်ပုံထဲမှာနွယ်ကအရင်အတိုင်းပဲ
ဆံပင်တွေရှည်နေတုန်း  လူတိုင်းကိုဖမ်းစားနိုင်တဲ့မျက်ဝန်းတွေရှိနေတုန်း ပီးတော့ ပါးချိုင့်လေးကမျက်နာတစ်ခုလုံးကိုလွမ်းမိုးထားတုန်းပဲ
အရင်အတိုင်းဘာမှပြောင်းလဲမသွားပါဘူး single နေရာမှာ တစ်ခြားတစ်ယောက်နဲ့ Relationship ချိတ်ထားတာကလွှဲလို့ပေါ့

ကျွန်တော်ထင်တာမလွှဲရင် နွယ်တစ်ခုခုကို
ဆုံးရှုံးနေလို့ကျွန်တော်ဆီကို friend requests 
လာပို့တယ်ထင်တယ်
ဥပမာ ဂရုစိုက်မှုလေးတစ်ချို့
နှစ်သိမ့်မှုလေးတစ်ချို့ကိုပေါ့

ကျွန်တော့်Accကိုသူရှာရတာသိပ်လွယ်မှာပဲ
ကျွန်တော်က နွယ်ထားခဲ့တုန်းက ဒဏ်ရာလေးအတိုင်း အရင်Accလေးမှာပဲ
မပြောင်းလဲပဲရှိနေခဲ့တာ မို့

ကျွန်တော်မှာရွေးချယ်စရာကတစ်ခုပဲ
ရှိတယ်  friend အဖြစ်လက်ခံရမလား
Remove လုပ်လိုက်ရမလား တစ်ခုတော့ရွေးချယ်ရမယ် ကျွန်တော်လက်ခံလိုက်ရင်
စတွေ့တုန်းကလို မျှော်လင့်ချက်တွေပေးပီး
သူ့ချစ်သူနဲ့အဆင်မပြေကြောင်းတွေပြောမလား ဒါမှမဟုတ် သူ့ချစ်သူက ဘယ်လောက်ချစ်ကြောင်းတွေပြောမလား  remove လုပ်ပီး မသိချင်ယောင်ပဲဆောင်နေရမလားနှစ်ခုလုံးကတော့
ကျွန်တော့်ကိုနာကျင်စေတယ်နွယ်။

#ငပြည့်

You've reached the end of published parts.

⏰ Last updated: Mar 31, 2022 ⏰

Add this story to your Library to get notified about new parts!

shot flimWhere stories live. Discover now