ကျွီ........ဒုန်း!
"ဟာ .....တိုက်ကုန်ပြီ"
"ဟေ့ ဆေးရုံကားခေါ်ကြပါအုံး""အဟွတ် အဟွတ် ဟင်းး နာ နာတယ်"
မူးဝေနေသောမျက်လုံးတစုံ အားယူကာဖွင့်ရင်း ဘေးဘီဝေ့ကြည့်လိုက်သည်။ တစစီကျိုးပဲနေသော ကားတစီးနှင့် ဘေးတွင်လဲနေသော အမျိုးသမီးတဦး။"ဟင် ငါ ငါသေသွားတာလား"
"အဲ့တာငါ့မျက်နှာကြီး"
"ငါ ဝိဉာဉ်ဖြစ်နေတာလား""ဟင် မဟုတ်ဘူး ငါကိုင်လို့ရသေးတယ် "
ကယောက်ကယက်ဖြစ်နေသောစိတ်အားမနည်းတည်ငြိမ်အောင်လုပ်ယူရမည်။
သူမမျက်နှာနှင့်လူသည်အခုထိသတိမရသေး။
မကြာမှီဆေးရုံကားများရောက်လာ၍ အမျိုးသမီးနှစ်ဦးအား ဆေးရုံပို့ပေးခဲ့ကြသည်။ကုတင်ဘေးကပ်ရပ်ရှိသောကြောင့် တယောက်မျက်နှာတယောက်ကြည့်လျက်။"မင်း မင်းကဘာလို့တို့မျက်နှာနဲ့လဲ"
"အန်တီကလည်းသမီးမျက်နှာနဲ့ပါပဲ"
"ဟင်"
"ဟာ""အန်တီနဲ့သမီးရုပ်ရှင်ထဲကလို
ခန္ဓာကိုယ်ချင်းလဲသွားတာလား""ဖြစ် ဖြစ်နိုင်တယ် "
"တို့အခု ကိုယ့်ကိုယ်ကိုပြန်မြင်နေရတာ""ဒါဆိုအန်တီခန္ဓာကိုယ်ထဲသမီးရောက်နေတာပေါ့"
တယောက်မျက်နှာတယောက်ကြည့်ကာ အံဩနေကြရသည်။ ရုပ်ရှင်ထဲကကိစတွေကတကယ်လား။ဘုရားရေ ဒါဆိုငါက ဒီ
ခန္ဓာကိုယ်နဲ့နေရမှာလား"သမီး သမီးလေးရယ် မသေကောင်းမပျောက်ကောင်း"
"ရှင်"
"မေမေ သမီးကဒီမှာလေ"
"ဟမ်"
"အမတို့သမီးကကျွန်မ မဟုတ်ပါဘူး"
"ကျွန်မတို့နှစ်ယောက်ခန္ဓာကိုယ်ချင်းလဲသွားကြတာ""ဟေ"
"ဒါဆို သမီး သမီးကဒီကညီမလား"
"ရှင် ""မေမေ သမီး သမီးကိုမှန်ပေးစမ်းပါ"
"မှန် မှန်အိတ်ထဲပါတယ်"
"ရော့""ဝါးးအန်တီကအချောကြီးပဲ အန်တီ့မျက်နှာလေးနဲ့နေရတာတန်ပါတယ် အဟိ"
"အဟင်းး အမတို့သမီးက သူပါ "
"ကားအက်စိဒန့်ဖြစ်တုန်းခန္ဓာကိုယ်ချင်းလဲသွားသလိုပါပဲ ကျွန်မ နိုးကတည်းက ကိုယ့်
ခန္ဓာကိုယ် ကိုယ်ပြန်မြင်နေရတာပါပဲ"

KAMU SEDANG MEMBACA
"အလွဲများနှင့် အချစ်"
Romansa"အန်တီကသမီးမျက်နှာကြီးနဲ့" "မင်း မင်းကတို့ရုပ်နဲ့"