Suchende Universe:
ဝတ္ထုတို (၁)- ကျန်ရစ်သူရေးသားသူ- သော်လွင်ကိုကို
ဗဟိုဧကရာဇ်မြို့တော်၏ လမ်းများက
လူသူကင်းရှင်းနေသည်။ကြော်ငြာလက်ကမ်းစာရွတ်တချို့က
လူသူကင်းမဲ့သော လမ်းမများပေါ်တွင်
လွင့်ပျံလျက်ရှိသည်။ တအုံမှိုင်းမှိုင်းလေထုက မြို့ပျက်ကြီးထဲတွင် ရောက်နေသူများကို အလိုလိုချောက်ချားလာစေနိုင်သည်။"ကျွီ။" ရုတ်တရက် ဂျစ်ကားလေးတစ်စီးက ဖားမော့ကဇတ်ရုံနားတွင် ရပ်လိုက်သည်။ ထိုကားပေါ်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဆင်းလာသည်။
အမျိုးသားက ဆံပင်အနက်ရောင်ရှိပြီး
အနက်ရောင်ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသည်။ ကျောတွင် အမဲပစ်ရိုင်ဖယ်တစ်လက်ကို ပိုးထားပြီး အသက်သုံးဆယ်ကျော်ခန့် ရှိမယ့်ပုံရသည်။အမျိုးသမီးကတော့ အနီရောင်ဆံပင်အနီရောင်မျက်လုံးများရှိပြီး အသားကဖွေးဖွေးစွတ်အောက် ဖြူသည်။ ကိုယ်လုံးကိုယ်ပေါက်လှပြီး ဂျင်းဘောင်းဘီနှင့်တီရှပ်ကို ဝတ်ဆင်ထားသည်။ ကျောတွင် သေနတ်အစား
ဂျပန်ကာတာနာ ဓားတစ်လက်ကို ပိုးထားသည်။အမျိုးသမီး
"ကဇာတ်ရုံထဲမှာ မုန့်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီက စားစရာတွေနဲ့ဆိုရင်
ငါတို့ငါးရက်လောက်တော့ ဆက်တောင့်ခံနိုင်လောက်တယ်။"အမျိုးသား
"ငါတို့ သတိထားရမယ်။ ကဇာတ်ရုံက
လူထူထပ်တဲ့ အမျိုးအစားထဲမှာပါတော့
ဗလာကောင်တွေ အများဆုံးကျက်စားနေနိုင်တယ်။""အင်း။"
အမျိုးသမီးက ဓားကို ဆွဲထုတ်လိုက်သည်။ အမျိုးသားက သေနတ်ကို
ကျည်ထိုးလိုက်သည်။ ထို့နောက် သူတို့၏ခြေလှမ်းများက ကဇာတ်ရုံထဲသို့
တိုးဝင်သွားကြသည်။...
အဆုံးမဲ့ပြက္ခဒိန် ၂၁ သောင်းစုနှစ်ကာလ။
၂၀၃၅ ခုနှစ်၊ မတ်လ။ထိုကာလကား ကာနေရှားကမ္ဘာငယ်လေး၏ ယဥ်ကျေးမှုအဆုံးသတ်ဖြစ်သည်။ ထိုအချိန်မတိုင်မီက ကာနေးရှားကမ္ဘာငယ်သည် ဗဟိုဧကရာဇ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ခေတ်မီဖွံဖြိုးတိုးတက်နေခဲ့သည်။
KAMU SEDANG MEMBACA
Kaito Verse
PertualanganAuthor Thaw Lwin Ko Ko The Universe of Suchende Code 3:Young lord and his maid Code 14:My wife is yandere!!! and others.... About Suchende The fictional universe of suchende(2019-.... ) was created by burmese author Thaw Lwin Ko Ko. It include 3 mai...