"သို့သော် မုန်းသည်" P1

837 50 2
                                    

Aprilလရဲ့ လေပြေ ခပ်နွေးနွေးလေ
နေရောင်ခြည် ထွေးထွေးလေးက
အရမ်းကိုမှ လိုက်ဖတ်လွန်းလှသည်

ပန်းရနံ့ မွေးမွေးလေးနဲ့
အမြင်အေးဆေးမယ် ဆိုင်ခန်းလေးရယ်
လှလှပပ ပွင့်နေကြတဲ့
ပန်းပွင့်လေးတွေ

ထိုပန်းပွင့်လေးတွေနဲ့အတူ
ဆိုင်ပိုင်ရှင်လေးကလဲ
သိပ်ကိုကြည့်ကောင်းလွန်းလှသည်

နို့နှစ်ရောင် အသားရေလေးရယ်
ဆေးဆိုးထားခြင်းမရှိ
သဘာဝအတိုင်းရဲ‌နေတဲ့
ဖူးကြွကြွ နှုတ်ခမ်းလေး

ရယ်ပြလိုက်တိုင်း လခြမ်း ပုံစံ
မျက်ဝန်းလေးများနဲ့
ပြေပြစ်တဲ့နှဖူးပြင်ပေါ်က
ရွှေအိုရောင် ဆံပင် ခပ်ဝဲဝဲလေး

အမြဲပျော်ပျော်နေတတ်ပြီး
ကူညီတတ်တဲ့ စိတ်ကလေးနဲ့
သဘောကောင်းလွန်းတဲ့ သူလေး
အများအမြင် အပူအပင်ကင်းတယ်လို့
ထင်ရလောက်အောင် အရမ်းကိုမှ
အေးချမ်းလွန်းတဲ့သူလေးပါ

လူတိုင်းငေးရလောက်အောင်
လှနေတဲ့သူလေး ဟာ
အသက် 30လို့တောင် ထင်ရက်စရာမရှိပါ
ပန်းဆိုင်လေးထဲ ပန်းပွင့်လေးတွေနဲ့အတူ
အပြိုင်အဆိုင်လှနေလွန်းတာ
မဟုတ်ဘူး ပိုလှနေတာ သူလေးက

"အော် ဂျီမင် လာပြီ
တအတော်ပဲကွာ ငါလဲအရေးတကြီး
သွားစရာရှိတာနဲ့"

"ဘယ်ကိုလဲ ယောင်းရဲ့"

"ငါ့အမေ နှလုံးက ပြန်အောင့်နေလို့တဲ့
အဲ့တာ ဆေးရုံကိုခေါ်သွားကြတယ်
ငါလိုက်သွားရအုံးမယ်"

"ငါ့ကို ဖုန်း ဆက်လိုက်ရင်ရတာကို
ဘာလို့စောင့်နေတာလဲ
ဟိုမှာ ဘယ်သူရှိလို့လဲ"

"‌ဘေး အိမ်က အဒေါ်ကြီးရှိတယ်လေ
မင်းကို ဖုန်းဆက်ရင် မင်းကားကို
အမြန်မောင်းလာမှာဆိုးလို့ပါ"

"ထားပါတော့ ကယ်အခုရပြီး
အန်တီး ဆေးရုံက ဆင်းမှဆိုင်ပြန်လာခဲ့
လိုအပ်တာရှိရင်ပြောနော် ငါ့ကို
အားနာမနေနဲ့ ကြားလာ"

"အင်းပါ ငါပြောပါ့မယ် ငါသွားပြီ ဂျီမင်"

"ဖြေးဖြေးသွားနော် မလော်နဲ့
ကားကို ဖြေးဖြေးမောင်း"

အနောက်ကနေအော်ပြောနေသူအား
လက်ပြကာ ထွက်သွားသော်
ထယ်ယောင်း အား ကြည့်ကာ
ပြုံးလိုက်မိသည်
နှစ်ယောက်မရှိတဲ့ သူငယ်ချင်းလေးပေါ့
သူနဲ့ကိုခင်တာ အခုဆိုရင် ဆယ်နှစ်တောင်ရှိပြီ

"သို့သော် မုန်းသည်"Where stories live. Discover now