သီချင်းသံတွေ လူသံတွေရှုပ်ထွေးနေတဲ့ကြားထဲ ဝမ်ရိပေါ်တိုးကြိတ်ကာ လိုချင်တဲ့ခရီးရောက်အောင်သွားနေရသည်။First floor ကိုဖြတ်ပြီးချိန်မှသာ လူကနေသာထိုင်သာအနည်းငယ်ရှိသည်။အနံ့သက်တွေ မီးရောင်စုံတွေ၊ရှုပ်ထွေးနေတဲ့လူတွေကြောင့် ခေါင်းတွေပါချာချာလည်လို့ထိုးကိုက်နေသည်။
ရိပေါ်ဘဝမှာ ဒီလိုနေရာကို ရောက်ရပြီး ဒီလို တရားမဝင်အလုပ်ကိုလုပ်ရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။အမြဲတမ်း ကျောင်းသွားလိုက် ကစားလိုက်နဲ့ဘဝကနေ လက်ထဲသေနတ်ကိုင်နေရပြီ။ပြီးတော့ သခင်ထည့်ပေးလိုက်တဲ့ တရားမဝင်ပစ္စည်းကို သွားပို့ပေးဖို့။
ရိပေါ်ကြောက်လည်းကြောက် တုန်လည်းတုန်ယင်နေပေမဲ့ တာဝန်ပြီးအောင်မလုပ်လာရင် ပြန်မလာခဲ့နဲ့ဆိုတဲ့ သခင့်ရဲ့အမိန့်ပေးစကားက နားထဲမှာတဝဲလည်လည်။သေချာပေါက် သခင်က သူ့ကိုစွန့်ပစ်မဲ့သဘော။အခုချိန် ရိပေါ်မှီခိုနေရတာ သခင့်အရိပ်အောက်မှာမို့ သခင်သာစွန့်ပစ်ခဲ့ရင် လမ်းဘေးက ခွေးလေခွေးလွင့်တွေလို လုံးပါးပါးရတော့မှာ။
ထိုဘဝထက်စာရင်တော့ သခင့်ဆီမှာ သခင်ခိုင်းတာလုပ်ရင်းပါပါးအတွက်အပြစ်ကြွေးဆပ်နေတာသည်သာအကောင်းဆုံးမဟုတ်လား။ရေစက်ရှိနေသမျှ အကြောင်းအမျိုးမျိုးနဲ့ ဆုံတွေ့နေရမှာဖြစ်ပြီး ရေစက်ကုန်တဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ပြန်လည်ဝေးကွာကြမှာပဲ။ရိပေါ်နဲ့ ရိပေါ်ရဲ့ ပါပါးလိုပေါ့။ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကို တစ်ရက်မှမမေ့ခဲ့ဘူး။ပါပါးမရှိခဲ့တဲ့ အရင်လို လမ်းဘေးဘဝကိုပြန်မသွားချင်ဘူး။သေချာပေါက် သခင်စိတ်မပျက်အောင် ရိပေါ်အလုပ်လုပ်မှကိုဖြစ်မည်။
ကြောက်စိတ်တွေဖုံးဖိလို့ မြေအောက် floorကိုဆင်းလာခဲ့ပြီး သူနဲ့တွေ့ရမယ့်ထိုလူကို မျက်လုံးကစားကာရှာဖွေနေမိသည်။
"ဟိတ်! ဟိုကလေး"
နောက်ကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် ရိပေါ်ကိုယ်ကိုဆတ်ခနဲလှည့်ကာကြည့်လိုက်သည်။သေချာပေါက်သူရှာနေတဲ့သူ။ဘေးမှာ လူနှစ်ယောက်ပါအပိုပါသည်။
YOU ARE READING
𝑫𝑬𝑽𝑰𝑳𝑺 [ Complete ]
Fanfiction📌📌📌Mature on 🅢🅗🅞🅤 ရော 🅖🅞🅝🅖 ရောက 𝑨𝒔𝒔𝒐𝒉𝒐𝒍𝒆 𝑻𝒚𝒑𝒆ပါ။အပြောအဆိုကြမ်းတာ ရိုင်းစိုင်းတာ 𝑺𝒆𝒙 𝑺𝒆𝒏𝒄𝒆 တွေပါနိုင်ပါတယ်။ကိုယ့်အသိ ကိုယ့်သတိကိုယ်ဆင်ခြင်လို့ လက်ခံနိုင်မှဝင်ဖတ်ပါ။𝑭𝒂𝒏 𝑭𝒊𝒄 မို့ 𝑰𝒅𝒐𝒍 𝑰𝒎𝒂𝒈𝒆ပျက်သည်အထိ 𝑺𝒆𝒙...