Devils-19

5.5K 437 15
                                    

ရှောင်းကျန့် ကျိရန်တို့ဘက်ကပြန်လာပြီးကတည်းက ဝမ်ရိပေါ်ကိုတစ်နေ့လုံးမတွေ့အောင်ရှောင်နေရပြီး ဝမ်ရိပေါ်ဘာလာကျွေးကျွေးမစားဖို့တွေးထားသည်။အခုလည်း ဝမ်ရိပေါ်မရောက်ခင်ကတည်းက ရေအမြန်ချိုးလို့ညဝတ်လဲထားပြီးဖြစ်သည်။

တစ်နေ့တာပင်ပန်းနေတဲ့စိတ်တွေကိုလွှတ်ချလို့ အပြင်ဝရံတာကိုခဏထွက်လိုက်သည်။လေတဖြူးဖြူးနဲ့ပတ်ဝန်းကျင်က လေးလံနေတဲ့စိတ်တွေကို အတော်လေးသက်သာသွားစေသည်။

"ခင်ဗျားကဒီကိုရောက်နေတာပဲ"

ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ရိပေါ်က ရှောင်းကျန့်နားတစ်လှမ်းခြင်းလှမ်းလာသည်။ပါးစပ်ထဲမှာလည်း ရှောင်းကျန့်သောက်နေကျဆေးလိပ်ကရှိနေပြီး လေတိုက်နေလို့ဆံပင်တွေက ဝဲပျံနေသည်။

"ဒီလောက်အေးနေတာ အပြင်ဘာထွက်လုပ်နေတာလဲ! "

ဘေးချင်းလာယှဉ်ရပ်တဲ့ ရိပေါ်ကို ရှောင်းကျန့်ပြန်ကြည့်လိုက်သည်။

"အဲ့ဒါဆိုမင်းကရော ဘာလို့အင်္ကျီချွတ်နဲ့ဖြစ်နေတာလဲ!"

ရှောင်းကျန့်က မင်းလဲဘာထူးလို့လည်းဆိုတဲ့ပုံစံမျိုးနဲ့ပြန်မေးလိုက်ကာ ရိပေါ်နှုတ်ခမ်းကြားက ဖွာနေလက်စဆေးလိပ်ကိုဆွဲယူလိုက်ရင်း လက်ညှိုးနဲ့လက်မကြားကိုင်လို့ ရှိုက်သည်။ရိပေါ်က ရှောင်းကျန့်ရဲ့စွဲမက်ဖွယ်ကောင်းတဲ့ ပုံစံကိုငေးကြည့်ရင်း တံတွေးတသပ်သပ်ဖြစ်လို့နေသည်။

ရေချိုးထားလို့လူငယ်ဆန်ဆန် ပျော့အိကျနေတဲ့ဆံပင်လေးတွေက ခါတိုင်းဂျယ်တွေနဲ့ပုံသွင်းထားရတဲ့ဆံပင်တွေထက်ပိုကြည့်ကောင်းနေသည်။ပိုးသားအပြောင်အသားပျော့အနက်ရောင်လေးကိုဝတ်ထားတဲ့အင်္ကျီအောက်က ဖြူပြီးနုဥနေတဲ့အသားလေးကထင်းကာ ဆေးလိပ်ကိုင်ထားတဲ့လက်ကလက်ဖမိုးပေါ်က သွေးကြောစိမ်းလေးတွေကတောင် အလွန်တရာကိုမှဆွဲဆောင်မှုရှိနေသည်။

ညဝတ်အပွအင်္ကျီအောက်မှာတောင် ဒီလူရဲ့ခန္ဓာကိုယ်က စွဲမက်ဖွယ်တအားကောင်းနေသည်။ရိပေါ်အစိတ်ပိုင်းတစ်ခုခြင်းကိုငေးနေတုန်း ရှောင်းကျန့်လက်ထဲကဆေးလိပ်ကဖင်ဆီခံသာကျန်တော့သည်။

𝑫𝑬𝑽𝑰𝑳𝑺 [ Complete ]Where stories live. Discover now