Unicode
ဟီဆွန်းရဲ့ဒဏ်ရာဟာ အရင်ကတည်းက ပြင်းထန်သည့်အထဲမပါ။ ဆရာဝန်ပြောတဲ့အချိန်တစ်ခုကိုယူပြီးသည့်နောက်ဆေးရုံကဆင်းရခဲ့သည်။ ကျောက်ပတ်တီးမဖြေရခင်စပ်ကြားတော့ အိမ်မှာသာနေနေရလေသည်။ တကယ်တော့ဟီဆွန်းဟာ အလုပ်သွားနိုင်ပါတယ်။ ဆောင်းဟွန်းအစ်မဟွန်းမီက သူ့အလုပ်တွေကိုတာဝန်ယူပေးထားမယ်ဆိုတော့ သူလဲထပ်မငြင်းတော့။
ဘာပဲဖြစ်ဖြစ် အိမ်မှာခဏတစ်ဖြုတ်အနားယူလိုက်တာကလဲ ဆိုးတဲ့အကြံမဟုတ်ဘူးလေ။
ဟီဆွန်းကိုအနားယူစေတဲ့အဓိကအကြောင်းအရာဟာ ဆောင်းဟွန်းသာဖြစ်လေသည်။ သူအိမ်မှာနေနေတဲ့တောက်လျှောက် နေ့တိုင်းလိုလိုအိမ်ကိုလာပြီး အစားအသောက်ပို့ပေး၊သန့်ရှင်းရေးလုပ်ပေးတဲ့အပြင် ဟီဆွန်းကိုလဲ အချိန်လုံလုံလောက်လောက်ပေးစကားပြောတော့ ဟီဆွန်းမကျေနပ်ဘဲနေမလား။
သူဆေးရုံမှာနေနေရတဲ့တောက်လျှောက်ကတော့ ဂျယ်ယွန်းနဲ့သာနေခဲ့ရတာများသည်။ အဲ့တုန်းက ဟီဆွန်းဟာအတော်အနေခက်ခဲ့တာပါ။ ဒါပေမယ့်အဲ့အချိန်မှာ အနေခက်ခဲ့တာဟာ ဟီဆွန်းတစ်ယောက်တည်းမဟုတ်။ ဂျယ်ယွန်းရောပင်။
ထိုကာလတောက်လျှောက်မှာ ဆောင်းဟွန်းဘာတွေလုပ်နေခဲ့မှန်း ဟီဆွန်းတို့တတွေနားမလည်ပါ။ အခုကျတော့လဲ ဆောင်းဟွန်းသည်အတွေးပြောင်းသွားဟန်တူသည်။ ရုတ်ချည်းဆိုသလို ချစ်သူဝတ္တရားတွေကျေပွန်လာသည်။
ဟီဆွန်းအနေဖြင့် အခုလိုဂရုစိုက်မှုမျိုးမဟုတ်တောင် သူ့ရဲ့ဂရုစိုက်မှုတွေကို ဆောင်းဟွန်းကကျေကျေနပ်နပ်ခံယူဖို့လောက်ကိုပဲ လိုချင်မက်မောခဲ့သည်။ အခုအနေအထားလေးကတော့ ပိုသိမ်မွေ့ပြီးမွေ့လျော်ချင်စရာကောင်းပါတယ်လေ။
"ကျွန်တော်လာမှထမင်းစားဖို့ ကိုကို့ကိုပြောထားတယ်လေ။ ဘာလို့ကြိုစားထားနှင့်တာလဲ တကယ်ဘဲ"
လက်တစ်ဖက်မှာကျောက်ပတ်တီးကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ပန်းကန်ဆေးနေရတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်။ သို့သော်လဲဆောင်းဟွန်လာရင် အလုပ်ပိုမှာကိုစိုးရိမ်သည့်ဟီဆွန်းဟာ ထမင်းစောစားပြီး ပန်းကန်တွေဆေးနေနှင့်သည်။ ထမင်းစားဖို့ကိုလဲ ကိုယ့်ဘာသာပြင်ရတာက အနည်းငယ်တော့ကသီလေသည်။