▪︎ 7

654 89 27
                                    

Unicode

ဂျယ်ယွန်းတို့ညီအစ်ကိုနှစ်​ယောက် ထွက်လာ​နေပြီဆိုကတည်းက ​ဆောင်းဟွန်းအ​တော်​လေးစိတ်လှုပ်ရှား​နေခဲ့မိတယ်။ ရင်ခုန်သလို ​ပျော်လဲ​ပျော်​နေမိတယ်။ အပြင်ပန်းမှာ​တော့ သူ့ပုံစံကခပ်​အေး​အေးပါဘဲ။ သူ့စိတ်ထဲမယ်​တော့ ဖြစ်သင့်တဲ့အတိုင်းအတာထက်​​တောင် ပြည့်လျှံ​နေတဲ့​ပျော်ရွှင်မှု​တွေရှိလို့​နေတယ်။

အိမ်ကို​ရောက်သင့်တဲ့အချိန်ကို​ရောက်​လေ​တော့ ဂျယ်ယွန်းတို့ဟာ ​တော်​​တော်နဲ့​ပေါ်မလာ။ ဘာမှမဖြစ်သလို သူ့မျက်နှာထားသူပြင်ဆင်​နေ​ပေမယ့် ဆူပုပ်ပုပ်ဖြစ်​နေပြီဆိုတာကို​တော့ ​ဆောင်းဟွန်းသိပါတယ်။ ဂျယ်ယွန်းဟာ သူ့အတွက်သာမန်သူငယ်ချင်း​လေးမှမဟုတ်ဘဲ။

ကားပျက်လို့မြို့ထဲဝင်ခါနီးမှ ​ကားပျက်တဲ့​နေရာမှာသောင်တင်​နေတယ်ဆိုပြီး မမဆီသူ့ခင်ပွန်းကဖုန်းဆက်လာ​တော့ ​ဆောင်း​ဟွန်းပိုမျက်နှာပျက်သွားတယ်။ အလိုမကျတာ​ရော၊ စိတ်ပူတာ​ရော ​ပေါင်းစပ်ပြီး​တော့​ပေါ့​။

တိုက်တိုက်ဆိုင်ဆိုင် ပိတ်ရက်ဖြစ်​နေ​ပေမယ့် ဟွန်းမီတို့ခရီးထွက်ထားတုန်းကလွတ်သွားတဲ့အလုပ်​တွေနဲ့ပတ်သတ်ပြီး ဟွန်းမီနဲ့ရှင်းစရာ​အလုပ်တွေကိုလာရှင်းတဲ့ ဟီဆွန်းဟာ အလိုမကျဖြစ်​နေတဲ့​ဆောင်းဟွန်းကို​တွေ့​တော့ ဘာဖြစ်လဲတီး​ခေါက်ကြည့်​လေတယ်။

အ​ကြောင်းအရင်းကိုသိသွား​တော့ အိမ်​ရှေ့​ပေါက်ဝမှာ ​ဆောင့်​ကြောင့်ထိုင်​နေတဲ့​ရေခဲတုံး​လေးဆီ အ​ပြေးသွားပြီး

"ကိုယ်သွား​ခေါ်​ပေးရမလား။"

"ဘာကိုလဲ"

"​မင်းသူငယ်ချင်း​လေးကို​လေ။ သွား​ခေါ်​ပေးမယ်။"

"မလိုပါဘူး။ အဲ့​လောက်ကြီး"

"ဘာလို့မလိုရမှာလဲ။ ကိုယ့်​​ကောင်​လေးမျက်နှာက ထီ​ပေါက်ပြီးထီလက်မှတ်​ပျောက်သလိုဖြစ်​နေတာကို။ ​နေရာအတိအကျ​ပြော​ပေး။ ကိုယ်သွား​ခေါ်​ပေးမယ်။"

ဟီဆွန်းက​ဆောင်းဟွန်းစိတ်ချမ်းသာ​စေဖို့ အပင်ပန်းခံချင်​နေရုံပါ။ ဒါကို​ဆောင်းဟွန်း​ကောင်း​ကောင်းနားလည်တယ်။ ဒါ​ပေမယ့် သူနဲ့ဟီဆွန်းရဲ့ကြားက ပတ်သတ်မှုကို ဂျယ်ယွန်းသိသွားမှာကိုမဖြစ်​စေချင်ဘူး။ ဂျယ်ယွန်းမ​ပြောနဲ့။ ဘယ်သူ့ကိုမှမသိ​စေချင်တဲ့ရည်ရွယ်ချက်​ကြောင့် အချိန်မတန်ခင် ဘယ်သူ့ကိုမှမ​ပြောဖို့ဆိုပြီး ဟီဆွန်းနဲ့သ​ဘောတူညီချက်ယူခဲ့ပြီးသား။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Où les histoires vivent. Découvrez maintenant