Unicode
စိတ်ပိုင်းဖြတ်ပြီးမှပြောမိတဲ့လမ်းခွဲစကားပေမို့လို့ ဆောင်းဟွန်းပုံစံဟာ မာကြောကြောဖြစ်လို့နေသည်။ ဒီလမ်းခွဲစကားကြောင့် သူဘာမှမဆုံးရှုံးနိုင်ဘူးလို့တွေးရင်တောင် နောက်ဆက်တွဲရလဒ်တွေက သူ့ကိုနစ်နာဆုံးရှုံးစေမှာ အသေအချာပင်။
သူ့လုပ်ရပ်ကမမှန်ကန်ဘူးဆိုတာကိုသိတယ်။ သူကိုယ်တိုင်နစ်နာ နာကျင်ရသလို တခြားသူတွေလဲ နာကျင်ရမှာဘဲ။ သူကဒဏ်ရာတွေကို ဖန်တီးမိသူဖြစ်တဲ့အလျောက် ပိုပြီးတော့တောင်ရင်ထဲနာကျင်နေမိသလိုဘဲ။
သူပေးတဲ့ဒဏ်ရာကိုရတဲ့သူက အပြစ်မရှိတဲ့သူဖြစ်လေတော့ သူကပိုပြီးအပြစ်တိုးတာပေါ့။ သူ့စိတ်သူကြိုးစားဖုံးကွယ်နေပေမယ့် ဂျယ်ယွန်းကသူ့သူငယ်ချင်းတစ်ယောက်မဟုတ်တော့တာ အတော့်ကိုကြာခဲ့ပြီလေ။ ဒါတွေကိုဘဲ ထပ်တလဲလဲတွေးနေမယ့်အစား သူပြတ်သားသင့်တာကို ပြတ်သားရမယ်လို့တွေးပါတယ်။
အခုမပြောဖြစ်တောင် နောင်ကျပြောဖြစ်လာနိုင်မယ့်စကားတွေဘဲမဟုတ်ဘူးလား။ သူ့အတွက်တော့ ဂျယ်ယွန်းပျော်ရွှင်ဖို့နဲ့ ဘယ်နေရာကမှ မထိခိုက်ဖို့ကဘဲ အရေးအကြီးဆုံးဖြစ်နေတာဘဲ။ မဆိုင်တဲ့သူကို စတေးရတာဟာ စိတ်သန့်စရာမကောင်းပေမယ့်လို့ပေါ့။
"ကိုယ့်ဘက်က ဘာတွေများတာဝန်မကျေတာရှိခဲ့လို့လဲ။ ဒါမှမဟုတ် အလိုက်မသိဘဲနေခဲ့တာတွေရှိလို့လား။ လမ်းခွဲတယ်ဆိုတဲ့စကားမတိုင်ခင်မှာ ကတောက်ကဆဖြစ်ရပ်လဲ မည်မည်ရရမရှိဘဲ ဘာလို့ရုတ်တရက်ကြီးလဲကွာ။"
ဟီဆွန်းဟာ ဆောင်းဟွန်းလက်ကလေးကို လှမ်းဆွဲကိုင်လျက် ရို့ကျိုးကျိုးဆိုသည်။ သူ့အတွက်တော့ ဒီအနေအထားဟာ သိပ်ထိတ်လန့်စရာကောင်းလို့နေပါတယ်။
ဆောင်းဟွန်းတွေးမိတာတစ်ခုကတော့ အစ်ကိုဟီဆွန်းဟာ သိပ်ကိုကြီးမားလေးပင်တဲ့အမှားတစ်ခုကို ကြူးလွန်ခဲ့မိတယ်။ အဲ့အမှားကတော့ သူ့ကိုမြတ်နိုးတန်ဖိုးထားခဲ့တာပါဘဲ။ အချစ်စစ်မှန်ပေမယ့် လူမှားပြီးချစ်ခဲ့မိတာလို့ ပြောရမည်ထင်ပါရဲ့။