Unicode
"သား..ကျန့်လေး
ထတော့လေ
သား လီလီကို လေဆိပ်မှာသွားကြိုရမယ်ဆို""အင်..မားကလည်း
သား အိပ်ချင်သေးတယ်
၅မိနစ် ပဲလေနော်"ရှောင်းမားက စောင်ကိုခေါင်းထိ ဆွဲခြုံကာ
မျက်လုံးမဖွင့်ပဲပြောနေသော ရှောင်းကျန့်ကို ကြည့်ကာ
သဘောတကျပြုံး၏။မား သားလေးကတော့ အမြဲ၃နှစ်သားလေး လိုပါပဲ!
သားက ဖတဆိုးလေးပေမယ့်
အမေအပေါ် တအားသိတတ်သည်။
သားက ငယ်ငယ်လေးကတည်းက
လူတွေကို သိပ်သနားတတ်သည်။သား၈နှစ်လောက်က သားကိုအရမ်းချစ်သည့် အိမ်နီးချင်းအမျိုးသား
တစ်ယောက်ရှိသည်။
ထိုအမျိုးသားက ဆရာ၀န်တစ်ယောက်ဖြစ်ပြီး
တာ၀န်အရ ကိုယ့်မြို့သို့ပြောင်းလာသည်လေ။
ကျန့်လေးကလည်း သူ့ဦးလေးကိုဆို တအားချစ်ရှာသည်။
ကျောင်းပိတ်ရက်ဆိုရင် သူ့ဦးလေးအိမ်မှာပဲရောက်နေတတ်၍
ရှောင်းမားကပင် လိုက်ခေါ်ရသည်အထိ။တစ်ရက်ကျတော့ ကျန့်လေးက
အိမ်ကို အမောတကောပြန်ရောက်လာသည်။
အိမ်ရှေ့မှာ သတင်းစာဖတ်နေတဲ့ သူ့အဖေကိုတွေ့တော့
"ပါး လုပ်ပါအုံး
ဦးဦးက ကြမ်းပြင်ကြီးပေါ်မှာလဲနေတာ
ခေါ်လို့လဲမရဘူး"ဟူ၍ ငိုသံပါကြီးဖြင့်
ရှောင်းပါးပါး ကိုပြောသည်။ရှောင်းပါးပါးလည်း ကျန့်လေးနှင့် ဆရာ၀န်လေးအိမ်လိုက်သွားတော့
ပြန့်ကြဲနေသောဆေးပြားများဘေးမှာ အသက်မဲ့စွာ
လဲလျောင်းနေသော ဆရာ၀န်လေးကိုတွေ့သည်။အကြောင်းကတော့ ဆရာ၀န်လေးက လိင်တူချစ်သူဖြစ်ပြီး
သူ့အိမ်က သူ့ဖြစ်တည်မှုကိုလက်မခံပဲ ချစ်သူနှင့်ခွဲဖို့ ကြိုးစား၍
ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည်လေ။ဆရာ၀န်လေးဆုံးသွားပြီး ကျန့်လေးမှာ
၁နှစ်လောက်ကို လန်းလန်းဆန်းဆန်းမရှိပဲ ငူငူငိုင်ငိုင်လေးဖြစ်နေသည်။
သူ ခင်တွယ်အားကျရတဲ့လူက သူ့ကို
ချက်ချင်းကြီးထားခဲ့တာ ဆိုတော့ အတော်လေးစိတ်ထိခိုက်သွားပုံရသည်။ကျန့်လေးက အထက်တန်းပြီးတော့
gender equalityအတွက် ပညာပေးစာများရေး၍
social mediaပေါ်တင်သည်။
ထိုမှတစ်ဆင့်LGBT community အတွက် လှုပ်ရှားကာ
သည်လမ်းကြောင်းပေါ်ရောက်လာခြင်း ဖြစ်သည်။
YOU ARE READING
မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်