part 9

318 22 1
                                    

Unicode

တတီတီမြည်နေသောဖုန်းသံကို လျစ်လျူရှုကာ ဆက်အိပ်ချင်သော်လည်း မဖြစ်သေး။ မနေ့ညကသောက်ထားသည့်အရှိန်ကြောင့်ရော အိပ်ရေးမ၀သည်ပါပေါင်းကာ ခေါင်းကြည်မနေ။ အရေးထဲ အလိုက်ကန်းဆိုးမသိ စောစောစီးစီးဖုန်းခေါ်နေသူကိုပါ အပြစ်တင်မိသည်။

contact nameကိုကြည့်မိပြန်တော့ မကြည်လင်သောစိတ်အစုံလွင့်ပါးသွားရကာ
အစောကအပြစ်တင်မှုအတွက် အားနာမိရသည်။

"ဟယ်လို..."
လေလှိုင်းမှတစ်ဆင့် ကြားရသောအသံလေးကကြည်လင်လှသည်။ နွေးထွေးမှုကိုပါ တစ်ဆက်တည်းခံစားနေရ၏

"ရိပေါ်.. နေကောင်းရဲ့လား။
ကိုယ် ခုတလော အလုပ်ကိစ္စနဲ့နယ်ဘက်ရောက်နေလို့ မဆက်သွယ်ဖြစ်တာ"

ရှောင်းက သူမဆက်သွယ်ဖြစ်တာကို အရေးတယူရှင်းပြနေသည်တဲ့လား။
ဘာရယ်တော့မဟုတ် ချစ်ရသူဆီမှရသောဂရုစိုက်မှုကို ရိပေါ်အမှန်ပင် မြတ်နိုးရပါသည်။

"အဆင်ပြေရင် ကိုယ်တို့ မနက်ဖန်တွေ့ကြမလား"

"ဗျာ..."

"အာ...ရိပေါ် အဆင်ပြေမှပါ"

"ဟုတ်။ ကျွန်တော်အားပါတယ်"
အမှန်ဆို ရိပေါ်မနက်ဖန် တင်ဒါဖွင့်ပွဲတစ်ခုလိုက်စရာရှိသည်။ ချစ်ရသူနှင့်တွေ့ရဖို့ပဲ၊ တင်ဒါပွဲတစ်ခုလောက်လွှတ်လိုက်ရတာပြသနာမရှိ။

"ဟုတ်ပြီ။ ဒါဆိုကိုယ်တို့တွေ့မယ့်လိပ်စာကို ကိုယ်ပို့ထားလိုက်မယ်။
See u...."

"ဟုတ်..."
အဟက်! ရင်ခုန်လိုက်တာ။ သူ့ဘက်က ရိုးရိုးသားသားဆိုပင်မယ့်လည်း
ချစ်ရသူဆီမှရသော ဆက်သွယ်မှုတစ်ခုချင်းဆီကိုမြတ်နိုးရပါသည်။

အရင်ဆုံး မန်နေဂျာကိုဖုန်းဆက်ပြီးတင်ဒါပွဲမနက်ဖန် မလိုက်နိုင်ကြောင်းပြောရဦးမည်။ ဂျာကြီးပွားလျှင်လည်း ပွားပါစေတော့၊ လူပျိုကြီးတွေဆိုတာ ဒါကိုဘယ်နားလည်ပါ့မလဲ။

တောင်*
Message notiသံကြားလို့ ဖွင့်ကြည့်လိုက်တော့
စာပို့သူက 'Xiao🤎' ဟူ၍။

မနက်ဖန်တွေ့မည့်နေရာကို ပို့ထားသည်ပဲ။

ရိပေါ်၏ စိတ်မကြည်ခြင်းအစုံသည် ချစ်ရသူကြောင့် လွင့်စင်သွားရသည်။
ရိပေါ်စိတ်ကထင်၍ပဲလား၊ သည်မနက်စားသည့် ပေါင်မုန့်မီးကင်က ခါတိုင်းနေ့တွေနှင့်မတူပဲ ပိုအရသာရှိနေသလို။ ဧည့်ခန်းထဲမှ စိမ်းစိုစိုပန်းချီးကားတို့ကပို၍ လှပနေသယောင်။

You've reached the end of published parts.

⏰ Last updated: Dec 23, 2023 ⏰

Add this story to your Library to get notified about new parts!

မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်Where stories live. Discover now