Unicode
"သား ရိပေါ်လည်း မပြန်ပါနဲ့တော့လား
အိမ်မှာပဲအိပ်သွားလေ"
မားသည် ရိပေါ်ကို အတော်ခင်တွယ်ရှာသည်။"ဟုတ်သားပဲ၊ မိုးလည်းချုပ်နေပြီပဲ
အိမ်မှာအခန်းလွတ်တစ်ခန်းတော့ရှိတယ်
အယ် ဒါပေမယ့် အခန်းကရှင်းရအုံးမှာ
ရိပေါ်အဆင်ပြေမယ်ဆို ကိုယ့်အခန်းမှာ တူတူအိပ်လည်းရပါတယ်"ရိပေါ် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။
ရှောင်းနှင့်..ရှောင်းနှင့် တစ်ခန်းထဲအတူတူအိပ်ရမည်တဲ့လား။
သူ့ဘက်ကတော့ ရိုးရိုးသားသားမို့ အဆင်ပြေပေမယ့်
ကိုယ်က မရိုးသားတော့ ရွံ့နေမိသည်။"အိပ်လိုက်ပါ ရိပေါ်ရယ်
ပြီးရင် တစ်၀ိုင်းလောက်ထောင်ကြတာပေါ့"
လီလီက winkတစ်ချက်လုပ်ပြီး ပြောတော့ရှောင်းကျန့်က
နှာခေါင်းရှုံ့သည်။"လုပ်ပြီ၊ လီလီမက သူ့ရဲ့အသောက်ဇယားထဲ
ငါ့ရိပေါ်ကို ဆွဲထည့်အုံးမယ်"
လီလီကတော့ ပွစိပွစိလုပ်နေဆဲ။ရှောင်းက ကျွန်တော့်ကို 'ငါ့ရိပေါ်'လို့ ပြောလိုက်သည်လား။
ဟုတ်ပါသည်။ ၀မ်ရိပေါ်ဆိုသည့် အကျွန်ုပ်၏ ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး
ရှောင်းက အပိုင်စားရနေပြီပဲ။"အင်း ကျွန်တော်မပြန်တော့ဘူး"
"ရက်စ်.. တစ်၀ိုင်းကွ
ကျန့်ကျန့်...ငါ ဟိုက၀ယ်လာတဲ့ ၀ိုင်ပုလင်းတွေ
ရေခဲသေတ္တာထဲမှာ ရှိတယ်"
လီလီကတော့ အားတက်သရောပင်။
"လီလီကလည်း! ရိပေါ်ကသောက်တတ်အုံးမှဟ""ဟို..ကျွန်တော်က ရပါတယ်
ဒီလိုပဲ သူငယ်ချင်းတွေစုံရင်လည်း သောက်ကြတာပေါ့
ရှောင်းတို့ အဆင်ပြေသလိုပဲ လုပ်ပါ""ကဲ မိလီလီ ပုလင်းထုတ်"
လီလီလည်း အကိုဖြစ်သူထံမှ permitရမှ ၀ိုင်ပုလင်းတွေထုတ်ပြီး
ပြင်ဆင်နေသည်။"အဲ့လိုဆိုလည်း မား စောင့်ပေးမနေတော့ဘူးနော်
သားတို့ လွတ်လွတ်လပ်လပ် ပျော်ကြပေါ့
good nightကလေးတို့.."ရှောင်းကျန့်က'sweet dream မား'ဟု ဆိုပြီး
ရှောင်းမားမား ပါးကို ရွှတ်ခနဲနမ်း၏ရှောင်းမားက ရိပေါ်နှင့်လီလီကိုပါ နှုတ်ဆက်ပြီး
သူ့အခန်းထဲ၀င်သွားသည်။
မား ကတော့ အတက်အဆင်းပြုရ မလွယ်မည်ဆိုး၍
အောက်ထပ်၌သာနေသည်။
ရှောင်းက ၀ိုင်ပုလင်းတွေနှင့်ရေခဲ ထည့်ထားသည့်ချိုင့်ကို
ဆွဲပြီး အပေါ်တက်ဖို့ပြင်နေတာကြောင့် ရိပေါ်ကပဲ မနေနိုင်ပဲ၀င်ဆွဲရသည်။
မုန့်ဗန်းတွေနှင့် မနိုင်မနင်းဖြစ်နေသော လီလီ့ကိုတော့ လျစ်လျူရှုလျက်။
YOU ARE READING
မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်