(Unicode )
တီ ၊ တီ ၊ တီ နှင့် တိုက်ခန်း password ရိုက်သံအဆုံးမှာ တံခါးလေးက clip ကနဲ ပွင့်လာပြီး အကျော်အမော် ထောက်လှမ်းရေးမှူး Zhang Yixing တစ်ယောက်လည်း စပ်ဖြဲဖြဲနဲ့ ဝင်လာလေသည် ။
ပြောရရင် သူဒီနေ့ အလွန်ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ပိုင်ဆိုင်ခဲ့ရသည် ။ အကြောင်းကတော့ Jun က သူ့ဆီကို အရင်စဖုန်းဆက်ပြီး တွေ့ဖို့ ချိန်းဆိုခဲ့လို့ပါပဲ ။ သူ့စိတ်ထဲမှာ Jun သူ့အပေါ် အရင်ကလိုစိတ်မျိုး ပြန်ထားနေပြီလို့ ခံစားနေရပြီး သူကအရင် စပြန်ဆက်မယ့်အချိန်ကို စောင့်မျှော်နေတယ်လို့လည်း ထင်နေမိတယ် ။ တစ်ဖက်သတ်အတွေးနဲ့တင် ပြုံးမိပါတယ် ။ Jun လိုလူမျိုးကို သူ ဘယ်အချိန်ထကြည့်ကြည့် ရင်ခုန်နေမိတာမို့လို့ တစ်ဖန်ပြန်နီးစပ်နေချိန်မှာလည်း စက္ကန့်တိုင်းဟာ မြူးထူးစရာကောင်းနေရောပဲ ။Jun နဲ့အတူ coffee ဆိုင်မှာထိုင်ပြီး ဥပဒေပုဒ်မအချို့အကြောင်း ရှင်းပြပြောပြဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားရင်း Yixing အရူးလို ပြုံးနေမိသည် ။ Jun ပြောတာတော့ သူ့ဆွေမျိုးတစ်ယောက်ကို ရပ်ကွက်သူတစ်ယောက်က ရဲတိုင်မယ်လုပ်နေလို့ တိကျမှန်ကန်တဲ့ဥပဒေလုပ်ငန်းစဉ်တချို့ကို မေးချင်လို့ပါတဲ့လေ ။ ဒါပေမယ့် အဲ့တာထက် တခြားသော ရောက်တက်ရာရာအကြောင်းတွေကိုသာ ပိုပြောခဲ့မိတာ Yixing သိသည် ။ ပြန်စတွေ့တဲ့နေ့ကစ ဒီနေ့အထိဆို Jun သူ့ရှေ့မှာ အားရပါးရ ရယ်မောခဲ့သည့်နေ့ဟာလည်း ဒီနေ့ဖြစ်သည် ။ Yixing မပျော်ရိုးရှိတော့မလားလေ ။
တစ်ကိုယ်တည်းနေသည့် လူမို့ တိုက်ခန်းထဲတွင် သူတစ်ယောက်ထဲ ရှိနေသည် ။ သို့သော် ရုှပ်ယှက်ခက်နေတာမျိုး အနည်းငယ်တောင်မရှိ ။ Yixing က အသန့်အပြန့်ကြိုက်သည့်လူမို့ အိပ်ခန်းကစ အလုပ်ခန်းအဆုံး သပ်ရပ်တောက်ပြောင်နေအောင်ထားသည် ။ အဲ .. သူ့ရဲ့သန့်သန့်လေးတွေကြိုက်သည့် စိတ်က Jun ကိုရွေးချယ်ခဲ့တာလည်း ဖြစ်သေး၏။ Jun သည် သူ့ထက်တောင် ပိုသပ်ရပ်ပြီး အိမ်မပြောနှင့်ဦး၊လူကြည့်ရုံနှင့် ခေါင်းအစခြေအဆုံး သပ်ရပ်သန့်ရှင်းနေသည့် အဖြူရောင်ဖြစ်တည်မုှလေးဖြစ်သည် ။ မှတ်ချက်ပေးရလျှင်တော့ Jun ကို ထိုတစ်ခုထဲအတွက်ကြောင့် ချစ်ခဲ့တာတော့ မဟုတ်တန်ရာ ။ Jun အပေါ်ထားတဲ့ မေတ္တာက ကျယ်ပြန့်နေပြီမို့ သူ Jun ဖြစ်နေလို့ကို ချစ်မြတ်နိုးမိသည့်လှေကားထစ်မှာ ရပ်နေခဲ့ပြီးဖြစ်သည် ။
YOU ARE READING
THE 2021「 ChanBaek 」
FanfictionI think he did it but I just can't prove it : 🥂 __________________ By || sekura_draco Cover Artist || BUKUNAQI