Unicode
" အဆောင်သူတွေရဲ့ စတိုခန်းသော့က ကျောင်းစောင့်ကြီးဆီမှာပဲရှိတာမလား "
" အေးလေ Chanyeol တောင်းရင်တော့ရပါတယ် အဲ့လူက Chanyeol အဖေရဲ့အရိပ်ပဲကို "
ကျောင်းဆောင်တစ်ခုအကွယ်ထောင့်တစ်နေရာမှာ Baekhyun နှင့် Sehun တို့ရပ်နေကြပြီး Chanyeol ကိုစောင့်နေကြသည် ။ သူသိထားသည့် အကြောင်းတစ်ခုကိုပြောပြပြီး အားလုံးမေ့နေပုံရတဲ့ စတိုခန်းထဲက ChaeEun ရဲ့ ဂျပ်ပုံးကို ရှာဖွေကြည့်ဖို့ရာ အကြံပေးတဲ့ Baekhyun ကို Chanyeol က မဆိုင်းမတွ သဘောတူခဲ့ပြီး Sehun ကလည်း အဖော်လုပ်ပေးမယ်ဆိုကာ လိုက်လာခဲ့တာဖြစ်သည် ။ Cha YoungJun ပြောပုံအရဆို သိပ်မသေချာပေမယ့်လည်း အဲ့ဆွဲကြိုးလေးက ChaeEun နဲ့ပတ်သက်တဲ့ တစ်နေရာရာမှာတော့ ရှိနေလောက်ဦးမည်ဟု Baekhyun ကယုံကြည်နေသည် ။ စုံစမ်းစစ်ဆေးနေသောလူတွေဆီကလည်း ဆွဲကြိုးဆိုတဲ့အသံမျိုး ဘာမှမကြားရသေး၍ ပိုစိတ်ထင်နေတာဖြစ်၏။ အဆောင်ခန်းကိုမွှေနှောက်ရှာပြီးတာတောင်မှ ဘာမှမတွေ့ရင် စတိုခန်းကပဲ နောက်ဆုံးသော့ချက်ဖြစ်နိုင်တော့မည် ။
" လာပြီလာပြီ "
Sehun က အရင်စိတ်လောကာ သော့လှမ်းယူလိုက်ပြီး အတူတူ အဆောက်အဦးတစ်ခုဆီသို့ ခပ်မြန်မြန် လျှောက်လာခဲ့ကြသည် ။ စတိုခန်းက ဓာတုဗေဒ လက်တွေ့ခန်းရှိတဲ့ အဆောက်အဦးမြေညီထပ်နဲ့ ကျောချင်းကပ်ပဲမို့ Chemistry Major က ကျောင်းသားတွေနဲ့မတွေ့အောင် တခြားလမ်းတစ်ခုကနေ ပတ်လာခဲ့ကြ၏။ သို့သော် နေရာမှာ သူတို့မှလွဲ၍ မည်သည့်လူမျှရှိမနေ ။
စတိုခန်းကလည်း အသုံးနည်းလွန်းတာမို့ လာသူမရှိတာကြောင့် လုှပ်ရှားမုှကို နှစ်ဆမြှင့်လိုက်၏။" သူက အိမ်နဲ့ဝေးတော့ ပစ္စည်းပစ္စယတွေကို ဒီမှာပဲထားမှာသေချာတယ် "
တံခါးပွင့်သွားတာနဲ့ Baekhyun က ခပ်သွက်သွက်ပြေးဝင်ကာ ChaeEun နာမည်ကပ်ထားသော ဂျပ်ဖာပုံးကို ရှာနေသည် ။ Sehun ကတော့ သော့ခလောက်ကို ပိတ်ထားသည်ဟုထင်ရတဲ့ပုံစံအတိုင်းလှည့်ထားကာ အတွင်းကနေ တံခါးပြန်ပိတ်လိုက်ပြီး Chanyeol က မီးခလုတ်လှမ်းဖွင့်လိုက်၏။ သိပ်မကျဉ်းပေမယ့် အကျယ်ကြီးလည်းမဟုတ်တဲ့ စတိုခန်းထဲမှာ သူတို့သုံးယောက်ထဲ လုှပ်လုှပ်ရှားရှားဖြစ်နေကြတော့သည် ။
YOU ARE READING
THE 2021「 ChanBaek 」
FanfictionI think he did it but I just can't prove it : 🥂 __________________ By || sekura_draco Cover Artist || BUKUNAQI