➖13➖

1.3K 214 56
                                    

(Unicode)

" ရော့ပါကွာ စိတ်ညစ်မနေပါနဲ့ "

Wooseok ကမ်းပေးလာသော ဝိုင်တစ်ခွက်ကိုယူကာ Baekhyun တစ်ကျိုက်တည်း မော့သောက်လိုက်သည် ။ တစ်မှိုင်မှိုင်၊တစ်တွေတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး Sehun နဲ့ Jongin မှာလည်း ပြောစရာစကားပျောက်ရှနေသည် ။ Chanyeol မှာလည်း စိတ်လေပြီး သူတို့အနားပင်မလာတော့ ၊ တစ်ယောက်ထဲလေလွင့်နေပြီး သူနားမလည်နိုင်ဖြစ်နေတဲ့ဒီပုစၦာကို အဖြေရှာနေဟန် ။

Baekhyun ကတော့ ဘာပြောကောင်းမလဲပေါ့ ၊ သူ့ကောင်လေးကို ကာကွယ်ပေးချင်စိတ်သာရှိပြီး ဘယ်လိုကာကွယ်ပေးရမလဲမသိတာကြောင့် အားမလိုအားမရဖြစ်ပြီး စိတ်ညစ်နေတော့တာ ။
ထောက်လှမ်းရေးမှူး Zhang ကို အုပ်စုလိုက် နောက်ဆုံးသွားတွေ့ခဲ့တဲ့ရက်ကစပြီး ဒီနေ့ထိ အခြေအနေတွေက ပျင်းစရာကောင်းသွားတာပါပဲ ။ အရင်လို ဟေးလားဝါးလားပျော်စရာတွေ သူတို့ကြားမှာမရှိတော့သလို လုပ်ဖို့အတွက်လည်း ဘယ်သူကမှ စိတ်မပါသလိုဖြစ်နေတော့တယ် ။

" ငါလည်းအဲ့ကောင်ကို ယုံပါတယ်ကွာ အမှန်တရားကတစ်နေ့တော့ပေါ်လာမှာပါ "

" အဲ့တစ်နေ့က ဘယ်နေ့လဲဆိုတာ ငါတို့သိဖို့လိုတယ်လေ Sehun ဒါမှအားတင်းထားနိုင်မှာပေါ့ "

" အမုှကိုဒီတိုင်းပိတ်ပစ်လိုက်ကြမလား.. ငါတို့မိသားစုရဲ့ ပါဝါသုံးပြီးတောြ့ဖစ်ဖြစ် "

Sehun စကားကို Jongin က ခေါင်းတရမ်းရမ်းဖြင့် ငြင်းဆန်သည် ။

" ဒီလို လူသတ်မုှမှာ ငါ့အတွက် သက်သေလိုက်ပေးရပြီးကတည်းက အိမ်က ကြည်တာမဟုတ်ဘူး တရားခံအစစ်ကိုမသိရမချင်းလည်းပြီးမှာမဟုတ်ဘူး သူတို့ကူညီပေးဖို့နေနေသာသာ ငါတောင်အဆဲခံနေရတာ "

" အင်း..အဲ့တာတော့ငါ့အစ်ကိုရောပဲ..ငါ့ကိုလူသတ်တာတွေအထိတော့သည်းမခံဘူးပြောတယ် အမုှပိတ်ဖို့ကူညီခိုင်းရင် ငါသတ်လို့လာပြောတယ်ထင်နေဦးမယ် "

Sehun လည်း ရေရွတ်ရင်း ငြိမ်ဆိတ်သွားပြန်သည် ။ Baekhyun ကတော့ ခြေချိတ်ထိုင်လျက်ကနေ ရောက်တက်ရာရာ စဉ်းစားနေ၏။

ဘယ်လိုပဲစဉ်းစား၊စဉ်းစား အားလုံးကသူ့အပြစ်တွေပါပဲ ၊ သူသာ အဆောင်ကနေပြန်မထွက်သွားခဲ့ဘူးဆိုရင် ကိုကို ဒီလိုဖြစ်မှာမဟုတ်ဘူး ၊ သူ ကိုကို့ကို တစ်ယောက်ထဲ ချန်ထားခဲ့မိလို့ ဒီလိုခြေချုပ်မိနေရတာ အားလုံးက သူ့အပြစ်တွေပဲ ။

THE 2021「 ChanBaek 」Where stories live. Discover now